
ဒီ Deranged ဆိုတဲ့ ဇာတ်ကားကောင်းလေးဟာ လူတစ်စုရဲ့လောဘရမ္မက်ကြောင့် သုတေသနလုပ်ခဲ့တဲ့ သန္ဓေပြောင်းသန်ကောင်တွေကြောင့် တောင်ကိုရီးယားတစ်နိုင်ငံလုံး ထူးဆန်းတဲ့ ရောဂါကပ်ဆိုက်ခဲ့ရတဲ့ အကြောင်းအရာကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကား လေးထဲမှာဆိုရင် အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဂျယ်ဟော့ခ့်ဟာ စီးပွားရေးကျပ်တည်းပြီး သူ့မိသားစုအပေါ်တာဝန်မကြေဘူးလို့ ခံစားနေရတဲ့ အိမ်ထောင်သည် အမျိုးသားတစ်ယောက်ပါ။ ဒီလိုနဲ့ သူ့ရဲ့မိသားစုလည်း မတော်တဆ ရောဂါဖြစ်ခဲ့တဲ့အချိန်မှာတော့ အဲ့ရောဂါကို ကုသနိုင်ဖို ဆေးကို သူဘယ်ကြိုးစားပြီးရှာမလဲ၊ တောင်ကိုရီးယားနိုင်ငံသားတွေကကော အဲ့ဒီကပ်ရောဂါဆိုးကို ဖြတ်ကျော်နိုင်မလားဆိုတာ စိတ်ဝင်တစား ကြည့်ရှူလို့ရမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ ငွေနောက်လိုက်ရင်း ရမ္မက်ရဲ့ကျေးကျွန်ဖြစ်သွားရတဲ့အကြောင်း၊ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ မိသားစုအပေါ်ထားတဲ့ မေတ္တာတရားအကြောင်းတွေကို ဇာတ်လမ်းဇာတ်ကွက် ကောင်းကောင်းနဲ့ ဖော်ကျူး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားလည်းဖြစ်လို ရုပ်ရှင်ချစ်ပရိသတ်တွေ လက်မလွတ်ဘဲ ကြည့်ရှုသင့်တဲ့ကားလေးပါနော်