
ဒီတစ်ခါ ရွှေပန်းသီးပရိတ်သတ်တို့ကို မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ရုပ်ပြမှာကော anime မှာကောအောင်မြင်ထားခဲ့တဲ့ Death Note ရဲ့ Live Action ဇာတ်ကားတွဲရဲ့ပထမဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ညွှန်းရရင် ဉာဏ်ရည်အလွန်ထက်မြက်ပြီး တရားမျှတမှုကိုလိုလားတဲ့ လိုက်ဆိုတဲ့ကောင်လေးဟာ တစ်နေ့မှာ သေမင်းမှတ်စုလို့အမည်ရတဲ့ ထူးဆန်းတဲ့စာအုပ်တစ်အုပ်ကို ကောက်ရခဲ့ပါတယ်။ လက်တွေ့သမားဖြစ်တဲ့ လိုက်အဖို့ စာအုပ်မှာရေးထားတဲ့စည်းမျဉ်းတွေက ဟာသလိုဖြစ်နေတာနဲ့ စာမျက်နှာမှာနာမည်ရေးတာနဲ့ နာမည်ပိုင်ရှင်သေမယ်ဆိုတဲ့ စည်းမျဉ်းကိုစမ်းသပ်ဖို့ရာ စာအုပ်ထဲမှာ ရာဇဝတ်ကောင်တစ်ကောင်ရဲ့နာမည်တစ်ခုကို စမ်းရေးကြည့်လိုက်ပါတယ်။ နောက်တစ်ရက်ကျ ရေးထားတဲ့နာမည်ပိုင်ရှင် ရာဇဝတ်သားကသေသွားပြီဆိုတာကို သတင်းမှာမြင်လိုက်ကော အဲ့စာအုပ်က သာမန်စာအုပ်တစ်အုပ်မဟုတ်တာကို အသေအချာသိသွားပြီး ရာဇဝတ်မှုတွေကျူးလွန်ပြီးတာတောင်မှ လွတ်မြောက်နေသေးတဲ့ ရာဇဝတ်သားတွေ၊ သေဒဏ်ကျခံထားရတဲ့ရာဇဝတ်သားတွေကို စာအုပ်ကိုအသုံးချပြီး သူ့နည်းသူဟန်နဲ့အပြစ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ တစ်ဖက်မှာက သူ့လိုပဲ ဉာဏ်တအားထက်ပြီး ကမ္ဘာပေါ်က ဖြေရှင်းမရတဲ့အမှုတွေကိုပဲလိုက်တဲ့ L ဆိုတဲ့စုံထောက်ဟာ ရသမျှနည်းလမ်းအကုန်သုံးပြီး သူ့ကိုလိုက်နေပါတယ်။ L ပဲသူ့ကိုဖမ်းမိသွားမလား။ သူကပဲ L ကို လှည့်စားနိုင်လိုက်ပြီးလွတ်မြောက်သွားမလားဆိုတာကို ဉာဏ်ကစားကွက်တွေတသီကြီးပါတဲ့ ဒီ Death Note ဆိုတဲ့ ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ကြပါဗျ။
Movies Name | Webpage | Telegram Links |
---|---|---|
Death Note (2006) | Click Here | Click Here |
Death Note: The Last Name (2006) | Click Here | Click Here |
Death Note: L Change the WorLd (2008) | Click Here | Click Here |
Death Note: Light Up the NEW World | Click Here | Click Here |
Thank a lot for this Admin.