
*** Deadpool ဇာတ်ကားတွေက R rated ဖြစ်ပြီး သတ်တာဖြတ်တာတွေ စကားအသုံးအနှုန်းတွေ ကြမ်းတမ်းတဲ့အတွက် မိသားစုနဲ့အတူကြည့်ရှုဖို့တော့ မသင့်တော်ပါဘူးခင်ဗျာ ***
ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ၂၀၁၆ ခုနှစ်လောက်က နာမည်ကြီးခဲ့တဲ့ Deadpool ဆိုတဲ့ဇာတ်ကားရဲ့ အဆက်ဖြစ်တဲ့ Deadpool 2 ဆိုတဲ့ဇာတ်ကားပါပဲ။ ဒက်ပူးလ်ကတော့ ဒက်ပူးလ်ဆိုတဲ့အတိုင်းမျက်နှာပြောင်ပြီး ရင်းပြောင်နေမှာပါပဲ။ ဒီတစ်ခါမှာတော့ပရိတ်သတ်တွေကို အနည်းငယ်မျက်ရည်ဝဲစေတဲ့ ဇာတ်ကွက်လေးတွေပါဝင်မှာဖြစ်ပြီး ရှေ့ကားထက်ပိုကြမ်းတဲ့ အလန်းစားတိုက်ကွက်တွေနဲ့အတူ ပိုရယ်ရတဲ့ဒက်ပူးလ်ရဲ့ဘာမှန်းမသိတဲ့ ဟာသတွေပါ ဝင်လာမှာပဲဖြစ်ပါတယ်။
ဒီလောက်နဲ့လက်စဖြတ်ပြီး ဇာတ်ကားကိုအနည်းငယ်ညွှန်းရရင် ဇာတ်လမ်းအစမှာ ကမ္ဘာပတ်ကြီးလူသတ်နေတဲ့ နှလုံးလှလူမိုက်ကြီး ဒက်ပူးလ်ကိုတွေ့ရမှာဖြစ်ပြီး ဒီလိုလိုက်သတ်ရတဲ့အကြောင်းကတော့ သူ့ရဲ့တစ်ဦးတည်း သောချစ်ရသူလေး ဗာနက်ဆာရဲ့သေဆုံးမှုကြောင့်ပါပဲ။ ဒီလိုအသည်းကွဲပြီးလေလွင့်နေတဲ့ ဒက်ပူးလ်ကိုမိတ်ဆွေဟောင်းကြီးကောလောစစ်က ခေါ်ယူပြုပြင်ရင်း ကောလောစစ်ရဲ့စစ်ဆင်ရေးတွေထဲမှာ ဒက်ပူးလ်ပါပါဝင်လာရာကနေ ပြဿနာလေးတွေစပါတော့တယ်။ ဘယ်လိုပြဿနာလေးတွေလည်းဆိုတာ သိချင်ရင်တော့ဒီဇာတ်ကားလေးကိုပဲကြည့်လိုက်တော့နော်။ ဒက်ပူးလ်ပရိတ်သတ်တွေကတော့ ရှေ့ကကားထက်ဒီကားကိုပိုအကြိုက်တွေ့မယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်။
Movies Name | Webpage | Telegram Link |
---|---|---|
Deadpool (2016) | Click Here | Click Here |
Deadpool 2 (2018) | Click Here | Click Here |