
အလန်းစားအကြမ်းစား ဇွန်ဘီကားလေးလာပါပြီ။ March 10, 2004 ကထွက်ရှိထားပြီး rating 7.3 ရထားပါတယ်။ $102.3 million အကုန် အကျခံထားတဲ့ ဒီကားလေးမှာ မင်းသမီးချော Sarah Polley က သူနာပြုမလေး အန်နာအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကမ္ဘာပျက်ကိန်း ဆိုက်နေတဲ့ကာလမှာ ဗိုင်းရပ်စ်ပိုးတစ်မျိုးကူးစက်ခံရတဲ့ လူတွေဟာ အသားစားဇွန်ဘီးတွေအဖြစ် ပြောင်းသွားကြပါတယ်။ အကိုက်ခံရတဲ့ သေသူတိုင်းက ပြန်ထလာပြီး ရက်ရက်စက်စက်ကိုက်ဖြတ်ကြတာပါ။ အဲဒီအချိန်မှာ ခင်ပွန်းသည်အကိုက်ခံရလို့ တစ်ကိုယ်တည်း ထွက်ပြေး လာတဲ့ အန်နာဟာ အသက်ရှင်ကျန်ရစ်သူ လူတစ်စုနဲ့တွေ့ပြီး ရှော့ပင်းမောလ်ထဲကို ပုန်းခိုဖို့သွားကြပါတယ်။ ရှော့ပင်းမောလ်ရဲ့အမိုးပေါ်မှာ လာကယ်မယ့်ရဟတ်ယာဉ်ကို စောင့်နေပေမဲ့ ပေါ်မလာတဲ့အဆုံး သူတို့လူတစ်စုဟာ ကုန်လှောင်ရုံထဲက ကားနှစ်စီးနဲ့ လှေဆိပ်ကို ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဇွန်ဘီးတွေပြည့်နေတဲ့ သွေးပျက်စရာမြို့ကြီးကနေ သူတို့ တိုးထွက်နိုင်ပါ့မလား? ဇွန်ဘီးတွေကရော လူတွေကို ဘယ်လိုအမိအရကိုက်ကြမလဲ? ဒီလိုအခြေအနေမှာ စည်းစည်းလုံးလုံးနဲ့ လက်နက်တွေသုံးပြီး နှိမ်နင်းကြမှာလား? ဆိုတာ ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာဖြစ်ပါတယ်။