
ဒီတစ်ခါမှာတော့ squid game ဆန်ဆန် ထိုင်း survival movie လေးနဲ့ အားလုံးကိုမိတ်ဆက်ပေးချင်ပါတယ်။ တတိယကမ္ဘာစစ်အပြီးမှာ သိပ္ပံခေတ်ဟာလုံးဝပျက်သုဉ်းသွားခဲ့ပြီး ငွေနဲ့ခွန်အားသာအရေးပါတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ခေတ်ကြီးကို ပြန်ရောက်သွားပါတယ်။ လူတွေဟာရှင်သန်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ချနင်းကြပြီး ခွန်အားရှိသူတွေကတော့ အားလုံးကိုအုပ်စိုးကြပါတယ်။ ငတ်မွတ်ခေါင်းပါးမှုတွေဟာလည်း ဆင်းရဲနွမ်းပါးသူတွေအတွက်တော့ အပေါင်းအဖော်လိုဖြစ်နေပေမဲ့ လူတိုင်းအတွက် ဆင်းရဲမှုကနေရုန်းထွက်နိုင်တဲ့ အခွင့်အရေးတစ်ခုတော့ရှိနေပါတယ်။ အဲဒါကိုတော့ ရိုးရာအမှောင်ခွင်းအလင်းဆောင်ဂိမ်းလို့ခေါပြီး ဒီပြိုင်ပွဲအတွက် အလောင်းအစားကတော့ ကိုယ့်အသက်ပါ။ ပြိုင်ပွဲနိုင်သူတွေအနေနဲ့ ဆင်းရဲတွင်းကလွတ်ပြီး ဒုစရိုက်လောကရဲ့အုပ်စိုးသူလို့ခေါ်တဲ့ ဘော့စ်ရဲ့လက်အောက်မှာ အလုပ်လုပ်ခွင့်ရမှာပါ။ ဒီလိုနဲ့ အမှောင်ခေတ်ရဲ့လူငယ်လေးတချို့ဟာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့အတူ ဒီဂိမ်းပွဲရှိရာကို ရောက်ရှိလာပါတော့တယ်။ အသက်စွန့်ပြီးပြိုင်ရတဲ့ ဒီပြိုင်ပွဲရဲ့ပွဲစဉ်တွေက ဘာတွေဖြစ်လိမ့်မလဲ။ နောက်ဆုံးမှာ ဘယ်သူကအနိုင်ရရှိသွားမလဲ။ ဘော့စ်ကရောဘယ်သူလဲဆိုတဲ့ ပဟေဠိတွေကိုတော့ ဒီဇာတ်ကားလေးကြည့်ရင်း အဖြေရှာကြည့်လိုက်ကြပါဦးနော်။