
Horror ကားအမျိုးအစားဆိုပေမယ့်လည်း IMDb rating 6.7 အထိရရှိထားတဲ့ 2002 ခုနှစ်ရဲ့ ဂျပန်သရဲကားကောင်းလေးဖြစ်ပါတယ်။ မိဘနှစ်ပါးကွာရှင်းလိုက်တဲ့နောက် သမီးဖြစ်သူ အိခုကိုလေးဟာ အသက် ၆ နှစ်အရွယ်ပဲရှိသေးတာမိုလို အမေဖြစ်သူနဲ့သာ အတူနေထိုင်ဖို ပိုသင့်တော်တဲ့အရွယ်လေးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အမေဖြစ်သူနဲ့အိခုကိုလေးဟာ အဖေဖြစ်သူရှိတဲ့နေရပ်ကနေ ခွဲထွက်ပြီး တခြားနေထိုင်စရာ တိုက်ခန်းလေးတစ်ခန်းရဖိုအတွက် မြိုအနှံလိုက်ရှာဖွေခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ဈေးလည်းတန်၊အိခုကိုလေးတက်မယ့် မူကြို ကျောင်း နဲ့လည်း နီးတာမိုလို သူတိုသားအမိနှစ်ယောက်နေဖို အသင့်တော်ဆုံးနေရာလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့လို အဘက်ဘက်က အဆင်ပြေ နေသယောင်တွေကပဲ အိခုကိုလေးအတွက် အန္တရာယ်ဆိုးကြီးဖြစ်နေခဲ့တာကို အမေဖြစ်သူသိရှိသွားခဲ့တဲ့အချိန်မှာတော့ သမီးဖြစ်သူကို ဘယ်လို မျိုး အဆုံးထိကာကွယ်ပေးသွားမလဲဆိုတာကို မိခင်တစ်ယောက်ရဲ့သားသမီးအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာအပြည့်အဝကိုပါ ခံစားရစေမယ့် ဇာတ်လမ်းကောင်းလေးထဲမှာ ကြည့်ရှူလိုက်ကြရအောင်ပါ။ နောက်ပြီး ဒီဂျပန်ကားလေးက အခုမှ Horror ကားတွေ စကြည့်မယ့် ကြည့်ရှူ သူလေးတွေအတွက် ရင်ထိတ်စရာတွေ သိပ်မပါတဲ့ တကယ့်ကို အဆင်ပြေစေမယ့် ဇာတ်ကားလေးလည်းဖြစ်ပါတယ်။