
သင်ဟာ ခရီးသွားစဉ် လေယာဉ်စီးရင်း မတော်တဆမှုများနှင့်ကြုံတွေ့ပြီး ထူးဆန်းတဲ့နေရာကိုရောက်သွားလိမ့်မယ်လို့ တွေးမိဖူးပါသလား? Dragon Triangle ဆိုတာ ပစိဖိတ်သမုဒ္ဒရာထဲက အာရှ ဗာမြူဒါတြိဂံလို့ ခေါ်လောက်တဲ့ ဒေသတစ်ခုပါ။ Devil’s Sea လို့တင်စားကြပြီး ဗာမြူဒါတြဂံဒေသလိုပဲ မကြာခဏ လေယာဉ်တွေ သင်္ဘောတွေ ပျောက်ဆုံးတတ်တဲ့ နေရာတစ်ခုပါ။ သံလိုက်စက်ကွင်း၊ မုန်တိုင်း၊ တိမ်တိုက်ကြီးတွေ အပါအဝင် အကြောင်းမျိုးစုံကြောင့် လေယာဉ်တွေ သင်္ဘောတွေဟာ အဲ့ဒီနေရာမှာ ပျက်စီး ပျောက်ဆုံးတတ်ကြပါတယ်။ ဒီဇာတ်လမ်းလေးမှာလည်း Flight GZ261 ဟာ Dragon Triangle တစ်ဝိုက်ရောက်တော့ အကြောင်းအမျိုးမျိုးကြောင့် လေယာဉ်ဟာ ပျက်ကျသွားရပါတယ်။ ရုတ်တရက်ကြီး လေယာဉ်ပေါ်က ခရီးသည်တစ်သိုက်ဟာ မြေပုံပေါ်မှာတောင်မရှိတဲ့ ကျွန်းလေး တစ်ကျွန်းပေါ်ကို ရောက်သွားရာက ဇာတ်လမ်းစတော့တာပါပဲ။ ကံမကောင်းအကြောင်းမလှတော့ ထိုကျွန်းပေါ်မှာ သာမန်ထက်ကိုကြီးမားနေတဲ့ ဧရာမမိကျောင်းကြီးတွေ ရှိနေတာပါ။ အသက်ရှင်ကျန်ရစ်တဲ့ ဇာတ်ကောင်ခရီးသည်တစ်စုဟာ တစ်ပူပေါ်တစ်ပူဆင့်ပြီး ထိုဧရာမမိကျောင်း ရဲ့ရန်ကိုကြုံတွေ့ရပါတော့တယ်။ ဒါတင်ပဲလားဆိုတော့ ဧရာမပင့်ကူကြီးတွေလက်ကလည်း လွတ်အောင် ပြေးကြရပြန်ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာမှ ပြေးရင်းလွှားရင် အသက်အန္တရာယ်တွေကြားကနေ လွတ်မြောက်အောင် ဘယ်လိုရုန်းကန်ခဲ့ကြလဲဆိုတာတွေကို Documentary type ဆန်ဆန်တွေ့မြင်ရမှာဖြစ်ပါတယ်။