
2014 မှာ ထွက်ခဲ့တဲ့ Confession ဆိုတဲ့ ဇာတ်ကားဟာ IMDb 6.7/10 ရရှိထားတဲ့ ကိုရီးကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အားလုံးရဲ့ အချစ်တော် လီဂွမ်ဆူလည်းပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားထဲမှာ ဟျောင်းထယ်အဖြစ် မင်းသားဂျီဆောင်း၊ အင်ချောလ်အဖြစ် မင်းသား ဂျူဂျီဟွန်း၊ မင်ဆူအဖြစ်မင်းသား လီဂွမ်ဆူနဲ့အတူ အခြား သရုပ်ဆောင်များလည်း ပါဝင်ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားမှာ မိဘသဘောမတူတဲ့လူနဲ့ ယူထားလို့ မိဘနဲ့ ဆက်ဆံရေးအဆင်မပြေတဲ့ ဟျောင်းထယ်၊ ငွေမက်ပြီး အာမခံ ကုမ္မဏီမှာ အလုပ်လုပ်တဲ့ အင်ချောလ်နဲ့ ကြုံရာကျပန်းလုပ်ပြီး အရက်အမြဲသောက်နေတတ်တဲ့ မင်ဆူဆိုတဲ့ လူသုံးယောက်ဟာ အချိန်အကြာကြီး ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်ဖြစ်ပါတယ်။ တစ်နေ့တော့ ဟျောင်းထယ်အမေရဲ့ အလုပ်ရုံမှာ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး မီးအာမခံစာချုပ် ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲ့ဒီ ပျောက်ဆုံးသွားတဲ့ စာချုပ်ကို လိုက်ရှာရာမှ ထွက်ပေါ်လာမယ့် အမှန်တရားက ဘာဖြစ်မလဲ ဇာတ်လမ်းရဲ့ လှည့်ကွက်တွေ၊ အမှုရဲ့ အရှုပ်အရှင်းတွေက ဘာဖြစ်မလဲဆိုတာကို အခုပဲ စိတ်ဝင်တစား ကြည့်ရှူလို့ရပါပြီ။