
ဆာဒင်းငါးတွေကိုပဲ အမှီပြုစားသောက်နေရတဲ့ အစားအသောက်ခက်ခဲတဲ့ မြို့လေးမှာနေထိုင်တဲ့ ဖလင့်လော့ဝဒ်ဟာ ငယ်ငယ်ကတည်းက သိပ္ပံပညာကိုစိတ်ဝင်စားပြီး တီထွင်စမ်းသပ်ရတာ ဝါသနာပါတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ ဖလင့်ဟာ ရေကို အစားအစာအဖြစ် ပြောင်းလဲဖန်တီပေးတဲ့စက်ကိုတီထွင်နေတုန်းမှာ စက်ပါဝါကျသွားခဲ့တဲ့အတွက် ပါဝါသွင်းဖို့လုပ်တဲ့အချိန်မှာ မတော်တဆမှုနဲ့ကြုံတွေ့ရကာ မြို့ရဲ့အခမ်းအနားတစ်ခုကို မထင်မှတ်ဘဲဖျက်ဆီးသွားမိခဲ့မိပြီး စက်ဟာလည်း မိုးပေါ်ကိုရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ မိုးပေါ်မှာတောင် စက်ကအလုပ်လုပ်ပြီး ကောင်းကင်က စားစရာတွေကျလာတဲ့အခါမှာတော့ မြို့တော်ဝန်က ဖလင့်ရဲ့စက်ကို မြို့နေလူထုကိုကူညီယောင်သဟန်ဖြင့် ကိုယ်ကျိုးအတွက်အသုံးချနေခဲ့ပါတယ်။ စက်ကတစ်ခုခုမှားနေတာကို ဖလင့်ကသတိထားမိပေမယ့်လည်း မြို့တော်ဝန်ကလက်မခံခဲ့ဘဲ ဆက်လက် စားစရာမိုးရွာသွန်းဖို့ရာဖိအားများပေးခဲ့တဲ့အတွက် ဘယ်လိုပြဿနာတွေဆက်တက်ပြီး ဘယ်လိုဖြေရှင်းဖို့ဖြစ်လာမလဲဆိုတာ ဒီဇာတ်ကားမှာ ကြည့်ရှုအားပေးကြပါဦးနော်။
Movies Name | Webpage | Telegram Links |
---|---|---|
Cloudy with a Chance of Meatballs (2009) | Click Here | Click Here |
Cloudy with a Chance of Meatballs 2 (2013) | Click Here | Click Here |