
ဖလင့်လော့ဝုဒ်ဆိုတဲ့ကောင်လေးဟာ အဖေဖြစ်သူကိုဆန့်ကျင်ပြီး သူရူးသွပ်တဲ့သိပ္ပံပညာကို လက်မလျှော့ဘဲ အသစ်အသစ်တွေကို ဆက်ကာဆက်ကာတီထွင်ပြီးတဲ့နောက်မှာတော့ ဖလင့်ဟာ ရေကနေ အစားအစာထုတ်ပေးနိုင်တဲ့စက်တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အလွန်အကျွံအလုပ်ခိုင်းစေမှုကြောင့် စက်ဟာ အဆမတန်ကြီးမားတဲ့ အစားအစာတွေထုတ်လုပ်လာခဲ့ပြီး ကပ်ဘေးတွေဖြစ်လာတဲ့အတွက် ပထမဇာတ်ကားမှာ သူကိုယ်တိုင်ပဲ စက်ကိုဖျက်ဆီးပစ်ခဲ့ရပါတယ်။ ဒီတစ်ခါမှာတော့ ဖလင့်ငယ်ငယ်က လေးစားအားကျခဲ့ရတဲ့ ချက်စတာဗွီဆိုတဲ့ သိပ္ပံပညာရှင်က လိုက်ဖ်ကော့ပိုရေးရှင်းကနေ ကျွန်းရှင်းလင်းရေးလုပ်ငန်းစဉ်အတွက် ရောက်ရှိလာခဲ့ပြီး ပြန်လည်ပြင်ဆင်တည်ဆောက်မှုတွေလုပ်ဆောင်ရန်အတွက် ဖလင့်တို့ သူငယ်ချင်းအုပ်စုကို ကယ်လီဖိုးနီးယားကို ခေတ္တရွှေ့ပြောင်းနေထိုင်စေခဲ့ပါတယ်။ ဖလင့်ကိုတော့ လိုက်ဖ်ကော့ပ်မှာ ပူးပေါင်းပါဝင်လုပ်ဆောင်စေခဲ့ပြီး သူတို့ကတော့ နောက်ကွယ်မှာ ဖလင့်ရဲ့ ဖလစ်ဆာရ်ဒဖာရ်ကို လိုက်ရှာနေခဲ့ကြပါတယ်။ သူတို့မသိသေးတဲ့အရာကတော့ စက်ကမပျက်စီးသေးဘဲ မထင်မှတ်ထားတဲ့သက်ရှိအစားအစာတွေ ဆက်ပြီးဖန်တီးနေတယ်ဆိုတာပါပဲ။ ချက်စတာဗွီတို့ စက်ကို ကိုယ်တိုင်ရှာမတွေ့တော့တဲ့အဆုံးမှာတော့ သူ့ကိုလေးစားအားကျတဲ့ ဖလင့်ကို မဟုတ်တန်းတရားတွေပြောကာ စက်ကိုထပ်မံပိတ်သိမ်းဖို့ရာဆိုပြီး ဆွယ်လိုဖော်မှာ စက်ကိုသွားရောက်ရှာဖွေခိုင်းခဲ့ပါတယ်။ သက်ရှိစားစရာတွေက တကယ်ပဲ ကြောက်စရာမကောင်းဆိုးဝါးတွေလား။ ဖလင့်တို့သူငယ်ချင်းတစ်သိုက် အဲဒီသက်ရှိစားစရာတွေကိုဖြတ်ကျော်ပြီး စက်ကိုရှာတွေ့နိုင်ကြမလား။ ချက်စတာဗီကရော ဘာတွေကြံစည်နေတာလဲ စသဖြင့် မေးခွန်းတွေကို ဒီနောက်ဆက်တွဲဇာတ်ကားလေးမှာ ကြည့်ရှုခံစားပေးပါကြပါဦးနော်။
Movies Name | Webpage | Telegram Links |
---|---|---|
Cloudy with a Chance of Meatballs (2009) | Click Here | Click Here |
Cloudy with a Chance of Meatballs 2 (2013) | Click Here | Click Here |