
Cinderella 3 A Twist In Time ဇာတ်ကားမှာတော့ ကိုယ်စောင့်နတ်သမီးကြီးဆီကနေ မှော်နှင်တံကို မိထွေးတို့ သားအမိ သုံးယောက်က ခိုးယူပြီး စင်ဒရဲလားလေးကို လက်စားချေဖို့ ကြံပါတော့တယ်။ အဲ့ဒီအချိန်မှာ မိထွေးက မှော်နှင်တံကို အသုံးပြုပြီး အချိန်တွေကို ပြောင်းပြန် လှန်လိုက်တဲ့အခါမှာ မှူးမတ်ကြီးတို့ သူတို့ဆီကို စင်ဒရဲလား ကျွတ်ကျပြီး ကျန်ခဲ့တဲ့ ဖန်ဖိနပ်လာဝတ်ပေးတဲ့ အချိန်ကိုရောက်သွားပါတော့တယ်။ မိထွေးရဲ့ သမီးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အမ်နစတေးရှားနဲ့ ဖန်ဖိနပ်ကိုတော်အောင် မိထွေးက မှော်အစွမ်းနဲ့ လုပ်လိုက်ပါတော့တယ်။ အဲ့ဒီအခါမှာ စင်ဒရဲလားလေးကလည်း လုံးဝကို အံ့သြသွားတာပေါ့။ နန်းတော်ကိုရောက်တော့ ကပွဲမှာ မင်းသားလေးနဲ့ကခဲ့တဲ့သူကို စင်ဒရဲလားမဟုတ်ဘဲ အမ်နစတေးရှားလို့ထင်အောင် မိထွေးက မှော်အစွမ်းနဲ့လုပ်လိုက်ပါတော့တယ်။ မင်းသားလေးကလည်း စင်ဒရဲလားကို မမှတ်မိတော့ဘဲ သူနဲ့ ကခဲ့တဲ့ မိန်းကလေးက အမ်နစတေးရှားလို့ ထင်သွားပါတယ်။ စင်ဒရဲလားလေးက အဲ့လိုအချိန်မှာ သူ့ရဲ့ ကြွက်သူငယ်ချင်းလေးတွေနဲ့ ပေါင်းပြီး မင်းသားလေးသူ့ကို ပြန်မှတ်မိအောင်လုပ်နိုင်ပါ့မလား။ ဘယ်လို အခက်အခဲမျိုးတွေကို ကြုံရဦးမလဲ။ အချစ်စစ်ရဲ့ စွမ်းအားကလည်း ဘယ်လောက်တောင် ကြီးမားသလဲဆိုတာကို စိတ်ဝင်စားစွာ ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။
Movies Name | Webpage | Telegram |
---|---|---|
Cinderella (1950) | Click Here | Click Here |
Cinderella 2 Dreams Come True (2001) | Click Here | Click Here |
Cinderella 3 A Twist In Time (2007) | Click Here | Click Here |