
အခုအခါမှာတော့ ၂၀၀၈ ခုနှစ်က အရမ်းကိုအောင်မြင်ပြီး လူကြိုက်များခဲ့တဲ့ ထိုင်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုပါတယ်။ ဒီကားလေးကိုတော့ ထိုင်းနိုင်ငံရဲ့နာမည်ကြီးဒါရိုက်တာ Prachya Pinkaew ကရိုက်ကူးခဲ့ပြီးတော့ ဂျပန် မင်းသား Hiroshi Abe နဲ့ထိုင်းမင်းသမီးတွေဖြစ်တဲ့ Ammara Siripong နဲ့ JeeJa Yanin တို့ကအဓိကပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။ ဒီကားရဲ့ ထူးခြားချက် လေးကတော့ အဓိက မင်းသမီး နေရာမှာပါဝင်သရုပ်ဆောင်မဲ့ JeeJa Yanin က အပြင်မှာလဲ တိုက်ကွမ်ဒိုကို အထူးလေ့ကျင့် သင်ကြားထားတဲ့သူ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အက်ရှင်အမိုက်စားတွေကိုလဲ ကြည့်ရှုရဦးမှာဖြစ်ပါတယ်။ ဒီကားလေးရဲ့ ဇာတ်လမ်း အကျဉ်းလေးကတော့ အရင်ကလူဆိုး ဂိုဏ်းဝင်ဖြစ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းတဲ့ ကလေးတစ်ယောက် အကြောင်းကို အဓိကထားရိုက်ကူးထားတာပါ။ အခြားကလေးတွေလို ပုံမှန်မဟုတ်ပေမဲ့လည်း ထူးခြားတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားကြတယ် ဆိုတာကို ဒီကားလေးထဲမှာ တွေ့မြင်ခံစားကြရမဲ့အပြင် မိဘမေတ္တာ အပြည့်အဝနဲ့ စောင့်ရှောက်ခံရတဲ့ကလေးတွေရဲ့ ထူးခြားတဲ့ စွမ်းရည် ကိုလည်း ခံစားကြရဦးမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ၅၂၈ မေတ္တာနဲ့ ၁၅၀၀ အချစ်ကို ဒီကားလေးထဲမှာတွေ့မြင်ရမဲ့အပြင် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ကြတဲ့ အက်ရှင်အကြမ်းစားကြီးတွေကိုလဲကြည့်ရှုခံစားရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အက်ရှင်ကား ကြိုက်တဲ့ ပရိသတ်တွေအတွက် လက်မလွှတ်တမ်း ကြည့်သင့်တဲ့ကား ကောင်းလေးတစ်ကားဖြစ်ပါတယ်။