
၂၀၀၀ ခုနှစ်လောက်တုန်းက နာမည်ကြီးခဲ့တဲ့ ကာတွန်းနဲ့လူ ရုပ်ရှင်ကားတွေကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ဒီကားဟာလည်း အဲ့ဒီလိုရောထားပြီး ရှေ့ဆက်ဘာဖြစ်မလဲဆိုတာကို သိချင်အောင် ဆွဲခေါ်သွားနိုင်တဲ့ကားတစ်ကားဆိုတာ ပြောရဲပါတယ်။ ကျွန်တော်တောင် ဘာသာပြန်ရင်းနဲ့ ဇာတ်ကားထဲ မျောမျော သွားတယ်ဆိုတော့ စဥ်းသာစားကြည့်ကြပါတော့ဗျာ။ ကျောင်းအသစ်ကိုပြောင်းလာတဲ့ ရှဉ့်လေး Dale ဟာ သူငယ်ချင်းရှာဖို့အတွက် ကျောင်းသစ်မှာ ပြက်လုံး ဖောက်လိုက်ပေမယ့် တလွဲဖြစ်သွားပြီး နေ့လယ်စာစားချိန်မှာ တစ်ယောက်တည်းထိုင်စားခဲ့ရပါတယ်။ အဲ့ဒီနေ့မှာပဲ နောက်ထပ် Chip ဆိုတဲ့ရှဉ့်လေးတစ်ကောင်က လာအဖော်ပြုပေးရာကနေ အတွဲညီညီ ကျောင်းပြီးတဲ့ထိ အတူတူပျော်ပါး ကျောင်းပြီးသွားတဲ့နောက်မှာ ကယ်လီဖိုးနီးယားကိုတက်ကာ ဝါသနာပါကြတဲ့ ရုပ်ရှင်ဖက် ကိုကူးကြပါတော့တယ်။ အတွဲကလည်းညီ ဝါသနာကလည်းပါဆိုတော့ Rescue Rangers ဆိုတဲ့ဇာတ်လမ်းတွဲမှာ နှစ်ယောက်တွဲ အဓိကဇာတ်ကောင်တွေအဖြစ် အောင်မြင်သွားကြပါတယ်။ Rescue Rangers ဇာတ်လမ်းတွဲရိုက်ပြီး ပါတီပွဲမှာအနားယူပြီး ပြန်ရောက်တဲ့အချိန် Dale ဘာလုပ်ထားမလဲ၊ Chip ကရော ဘာပြန် ပြောပြီး ဘာဆက်ဖြစ်ကြမလဲဆိုတာတော့ ဇာတ်လမ်းကိုကြည့်ပြီး ခံစားကြည့်လိုက်ပါ။ ဒီဇာတ်ကားထဲမှာတော့ သူငယ်ချင်း နှစ်ယောက်ကြားရှိတဲ့ သံယောဇဉ်တွေ တစ်ယောက်ပေါ်တစ်ယောက်ထားတဲ့ မေတ္တာတွေကို မြင်တွေ့ရပါမယ်။ ကာတွန်းဇာတ်ကောင်တွေကလည်း အင်မတန်ချစ်စရာ ကောင်းတာမလို့ ကာတွန်း ချစ်သူတွေ အနေနဲ့လည်း လက်မလွတ်သင့်တဲ့ဇာတ်ကားဖြစ်ကြောင်း အကြံပေးပါရစေ။