
Castaway on the Moonဇာတ်ကားဟာ ၂၀၀၉ ခုနှစ်က ဒါရိုက်တာ Lee Hae Jun ရေးသားရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ မင်းသား Jung Jae Youngနဲ့ မင်းသမီး Jung Ryeo Won တို့အဓိက သရုပ်ဆောင်ထားကြပြီး ပြသချိန် ၁၁၆ မိနစ်ကြာမြင့်ပါ တယ်။ ရိုက်ကူးရေး ကုန်ကျငွေ US$ 5 millionကုန်ကျခဲ့ပြီး ပြသချိန်မှာ US$ 3,725,352 ပြန်လည်ရရှိခဲ့တာကိုကြည့်ရင် ဘယ်လောက်လူကြိုက်များ ကျော်ကြားခဲ့တဲ့ဇာတ်ကားဖြစ်မလဲ ဆိုတာသိနိုင်ပါတယ်။ အကောင်းဆုံးဇာတ်ညွှန်းဆု၊ အမျိုးသားသရုပ်ဆောင်ဆု၊ အာရှအကောင်းဆုံး ရုပ်ရှင်ဆုတွေ ကိုရရှိထားပြီး ဇကာတင်ဆုစာရင်းတွေလည်း အများကြီးဝင်ထားခဲ့ပါတယ်။ကြည့်မိရင်သဘောကျနှစ်ခြိုက်မိတဲ့ ဇာတ်ကား ကောင်းတစ်ကားဖြစ်လာမှာပါ။ ဇာတ်လမ်းအကျဥ်းကတော့ ကင်ဆောင်ဂွန်းဆိုတဲ့လူတစ်ယောက်က အကြွေးတွေများပြီး အရင်းရော အတိုးပါ မဆပ်နိုင်တော့တဲ့ အခြေအနေဖြစ်လာတဲ့အတွက် မိမိကိုယ်ကို သေကြောင်းကြံပြီး တံတားပေါ်ကနေ ဟန်မြစ်ထဲ ကိုခုန်ချခဲ့ပါတယ်။ သေဖို့ရည်ရွယ်တာဖြစ်ပေမယ့်ကံကောင်းတာလားကံဆိုးတာလားမသိဟန်မြစ်အလယ်ခေါင်က လူမရှိတဲ့ ကျွန်းငယ်လေးပေါ်ကို ရောက်သွား ပါတော့တယ်။ သူတကယ်ပဲ သေချင်ခဲ့တာလား ဆက်ရှင်သန်ချင်တာလား။ ဆက်ပြီးရှင်သန်ဖို့အတွက်ရော ဘယ်လိုတွေကြိုးစားပြီး နေထိုင်ရမလဲ။ ကင်ဂျောင်ယွန်းကတော့ အကြောင်းတစ်ခုကြောင့်အိပ်ခန်းထဲကနေအပြင်မထွက်ပဲနေလာခဲ့တာ ၃နှစ်ရှိနေပြီဖြစ် ပါတယ်။ သူမက ဓါတ်ပုံရိုက်ရတာကိုဝါသနာပါပြီး လပုံတွေကိုရိုက်ကူးရတာကို သဘောကျတဲ့သူပါ။ အဝေးကြည့်မှန်ပြောင်းနဲ့ ပတ်ဝန်းကျင်ကို ကြည့်ရှုတတ်ပြီး ဓါတ်ပုံတွေရိုက်ထားလေ့ရှိပါတယ်။ အခန်းလေးထဲကနေအပြင်မထွက်တဲ့သူနဲ့ ကျွန်းငယ်လေးပေါ်ကလူတို့ ဘယ်လိုဆုံတွေ့ ကြမလဲ။ မျှော်လင့်ချက်ဆိုတာကရော ဘာလဲ။ တကယ်လိုချင်တာ၊ မျှော်လင့်တာရှိလာခဲ့ရင် ဘယ်လိုကြိုးစားကြမလဲဆိုတာကို အဓိက သရုပ်ဆောင်နည်းနည်းနဲ့ ရိုးရိုးရှင်းရှင်း ဇာတ်လမ်းလေးကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာပါ။