
တစ်ကမ္ဘာလုံးအနှံ့အပြားမှာ ထူးဆန်းတဲ့ ဗိုင်းရက်စ်တစ်မျိုး ပေါ်ပေါက်လာပြီး ကူးစက်မှုနှုန်းကလည်း လျင်မြန်စွာပဲ မြင့်တက်လာခဲ့ပါတယ်။ ကိုရီးယားမှာ ရှိတဲ့ ပါမောက္ခတစ်ဦးဟာ ထိုရောဂါကူးစက်ခံရတဲ့ သမီးဖြစ်သူကို ကုသနိုင်ခဲ့တဲ့အတွက် သမီးဖြစ်သူရဲ့ သွေးကို နမူနာယူကာ ဆေးဖော်စပ်ဖို့ လုပ်ပါတော့တယ်။ သို့ပေမဲ့ နိုင်ငံများကြားက တင်းမာမှုနှင့်အတူ ထိုကလေးကို ပြန်ပေးဆွဲလုယက်ခြင်းများ ဖြစ်လာခဲ့ပါတယ်။ ဇာတ်လိုက်ကျော် ကာတာဟာ ခေါင်းနောက်က ဒဏ်ရာနဲ့ နိုးထလာချိန်မှာ မိမိဘယ်သူဘယ်ဝါလဲ ဆိုတာကို မမှတ်မိနိုင်တော့ဘဲ လုံးဝ အတိတ် မေ့နေခဲ့ပါပြီ။ သူဟာ ပါမောက္ခကို ပြန်ပေးဆွဲသွားသူအဖြစ် စွပ်စွဲခံထားရပေမဲ့ နာမည်က ကာတာဆိုတာက လွဲရင် ဘာမှမသိရဘဲ တာဝန် ထမ်းဆောင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီတစ်ခေါက်တင်ဆက်ပေးလိုက်တဲ့ ဇာတ်လမ်းဟာဆိုရင် အက်ရှင်ချစ်သူများအကြိုက်တွေ့စေနိုင်မယ့် တကယ့်ကို သည်းထပ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး အက်ရှင်ခန်းတွေက တစ်ချက်တလေမှ ရပ်မသွားဘဲနဲ့ ကြည့်ရှုသူတွေကိုပါ လိုက်ပါ စီးမျောရင်း တဒုန်းဒုန်း တဒိုင်းဒိုင်း ရင်ဖိုစေမဲ့ အကြမ်းစားအက်ရှင်ကားမျိုးဖြစ်ပါတယ်။ ဇာတ်လိုက်ဟာ တကယ်တမ်း ဘယ်သူလဲ ဘယ်ကလဲ၊ ကလေးကို ကယ်တင်နိုင်မလား၊ ဆေးကရော ဖော်စပ်နိုင်မလား၊ ဘယ်နိုင်ငံက ဘယ်လိုတွေ ကြံစည်ပြီး လှုပ်ရှားမလဲဆိုတာကိုတော့ ကိုယ်တိုင် ခံစားကြည့်ရှုလိုက်ကြပါ။