
2009 ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်ကုန်တင်သင်္ဘောတစ်စင်း ဆိုမာလီဓားပြတွေရဲ့ လက်ထဲမှာ ပြန်ပေးဆွဲခံရတဲ့ တကယ့်အဖြစ်အပျက် အပေါ် အခြေခံပြီး ရိုက်ကူးထားတာပါ။ ဒါကတော့ နှစ်ပေါင်း ၂၀၀ အတွင်းမှာ အမေရိကန်ကုန်တင်သင်္ဘော ပထမဆုံးအကြိမ် ပြန်ပေးဆွဲခံရခြင်းဖြစ်ပါတယ်။ နာမည်ကျော်ဝါရင့် သရုပ်ဆောင် မင်းသားကြီး Tom Hank ပါဝင်သရုပ်ဆောင်ထားပြီး ဆိုမာလီဓားပြဗိုလ် နေရာမှာတော့ တကယ့်ဆိုမာလီလူမျိုးဖြစ်တဲ့ တတ်သစ်စသရုပ်ဆောင် သရုပ်ဆောင် Barkhad Abdi က ပါဝင်သရုပ်ဆောင်ထားတာပါ။ ရိုက်ချက်ရော သရုပ်ဆောင်ချက်တွေဟာ ပီပြင်လွန်းလို့ အပြင်မှာကိုယ်ပါလိုက်ပါခံစားနေရသလို မျိုးကို အစကနေ အဆုံးထိ ဆွဲခေါ်သွားမှာပါ။ တကယ့်ကို စကြည့်ကတည်းက အဆုံးထိတိုင်အောင် လက်ကမချချင်လောက်အောင် ကောင်းတဲ့ ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ IMDb Rating မှာလည်း 7.8/10 ရရှိထားပြီး Rotten Tomatoes 93/100% ရရှိထားတာပါ။ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိတာဖြစ်ပြီး ဇာတ်ညွှန်း ဇာတ်ပို့ဆုတွေပါ ရရှိထားတာဖြစ်လို့ ကြည့်ကိုကြည့်ရမယ့် ဇာတ်ကားကောင်း တစ်ကားလို့သာ ညွှန်းပေးပါရစေ။