
ဘဝမှာ စီစဥ်ထားတဲ့အတိုင်း ဖြစ်ချင်သလိုတွေမဖြစ်လာခဲ့ရင် ကျွန်တော်တို့တွေဟာ ဘုရားသခင်ကိုပဲအပြစ်တင်လေ့ရှိပါတယ်။ ကျေးဇူးတင်ခံရတာထက် အပြစ်တင်ခံရတာပိုများတဲ့ ဘုရားသခင်ရဲ့ရှုထောင့်ကနေရော စဥ်းစားဖူးကြလား။ အကယ်လို့ မစဥ်းစားဖူးရင်လည်း ဒီကားလေးကိုကြည့်ပြီးရင်တော့ စိတ်ကူးမိမှာသေချာပေါက်ပါပဲ။ ဘရုနဲ့ ဂရေ့တို့ဟာ ချစ်သူတွေဖြစ်ကြပြီး အတူတူနေကြပါတယ်။ ဂရေ့ကတော့ မူကြိုဆရာမလုပ်ပြီး ဘရုကတော့ Live အစီအစဥ်တင်ဆက်သူဖြစ်အောင်ကြိုးစားနေတဲ့ သတင်းသမားလေးပဲဖြစ်ပါတယ်။ ဒါပေမယ့် ဌာနက သူ့ထက်ပိုသဘောကျတဲ့သူရှိနေတော့ ဘရုခမျာ အသက်တွေသာကြီးလာတယ် နေရာမရဖြစ်နေပါတယ်။ လိုချင်တဲ့အလုပ်မရလို့ ပေါက်ကွဲပြီး သောက်ကျန်းပစ်လိုက်တဲ့အတွက် ရှိတဲ့အလုပ်ပါပြုတ်ပြီး၊ ရည်းစားနဲ့ပါ စကားများမိတဲ့ ဘရုမှာ အပြစ်တင်စရာ ဘုရားသခင်ပဲကျန်ပါတော့တယ်။ ဘယ်ပြောကောင်းမလဲ အလကားအပြစ်တင်ရတာကို တင်ပစ်တာပေါ့။ အဲ့နောက်မှာ ဘုရားသခင်က မရရအောင်ခေါ်ပြီး အာကျယ်တဲ့ဘရုကို ဘုရားသခင်ရဲ့အလုပ်တာဝန်တွေကို ခဏပေးလုပ်ချင်တဲ့အတွက် ဘုရားသခင်ရဲ့စွမ်းအားတွေအကုန် ပေးလိုက်ပါတယ်။ အဲ့နောက် ဘုရားသခင်ရဲ့စွမ်းအားတွေကို လက်ဝယ်ပိုင်ဆိုင်သွားတဲ့ ဘရုတစ်ယောက် ဘယ်နေရာတွေမှာ ဘယ်လိုအသုံးချသွားမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုပေးကြပါဗျ။ ဂန္ထဝင်တွင် The Mask ထဲက မင်းသားကြီး Jim Carrey သရုပ်ဆောင်ထားတဲ့ ဟာသကားဖြစ်တာမို့ ရယ်ရမယ်ဆိုတာကိုတော့ အာမခံရဲပါတယ်ခင်ဗျာ။