
ရွှေပန်းသီးပရိတ်သတ်ကြီးတို့အားလုံး စောင့်မျှော်နေတဲ့ ချန်ရှန်လျှို့သျှန်ပန့်အဖွဲ့ရဲ့ မနေ့တစ်နေ့ကမှ ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် ထွက်လာတဲ့ လက်ဝှေ့ချန်ပီယံ မေမေ ပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ ထုံးစံအတိုင်း ဇာတ်လမ်းတိုလေးတွေမှာ ပင်တိုင်ပါနေကျ သရုပ်ဆောင်တွေပဲ ဖြစ်ပြီးတော့ ဒီကားမှာ အဓိက ခေါင်းဆောင်မင်းသမီးကတော့ မင်းသမီးချောလေး လန်မန်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကား အတွက် သူအတော်ကြီး ကြိုးစားထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် သူတို့အဖွဲ့က အားလုံးက အချိတ်အဆက် မိနေပြီဆိုတဲ့အတွက် ဇာတ်လမ်းက မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အတော်လေးသွက်ပါတယ်။ အရှေ့က ၄ ကားလိုပဲ ဟာသလေးတွေကိုလည်း အလျဉ်းသင့်ရင် သင့်သလို ထည့်ထားတာကို တွေ့ရမှာပါ။ ကျွန်တော့်အနေနဲ့ အားလုံးကို ခြုံငုံပြီး သုံးသပ်ကြည့်ရမယ်ဆိုရင်တော့ တချို့ Fight Scene လေးမှာ နည်းနည်းမပီပြင်တာကလွဲရင် အတော်လေးကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ ပြောရမှာပါ။ ဒါပေမဲ့ တစ်ခု အာမခံနိုင်တာကတော့ ဒီကား ကြည့်ပြီးသွားရင် မိခင်တစ်ယောက်ရဲ့ မေတ္တာကို အပြည့်အဝ ခံစားမိသွားမှာပါ။ ဇာတ်လမ်းအနေနဲ့ကတော့ အရက်သမား ခင်ပွန်း၊ စကား မပြောနိုင်တဲ့ သမီး၊ လမ်းမလျှောက်နိုင်တဲ့ ယောက္ခထီး သူတို့တွေအားလုံးကို ပန်းရောင်းပြီး ရှာကျွေးနေတဲ့ ပန်းသည်မလေး ရှောင့်ရှောင့်ဟာ တစ်နေ့မှာ အရာအားလုံး ပြန်ကောင်းသွားမှာလို့ ယုံကြည်ရင်း ဘဝကို အရှုံးမပေးဘဲ အဆုံးထိတိုက်ခိုက်သွားတဲ့အကြောင်းကို ပုံဖော်ရိုက်ကူး ထားတာပါ။ ဒီတော့ ဒီဇာတ်ကားလေးရဲ့ ရသမျိုးစုံကို ခံစားရင်း တစ်ရှူးလေး ဘေးမှာ ဆောင်ထားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
Movies Name | Telegram Link | Website Link |
---|---|---|
陈翔六点半之废话少说 (အပိုမပြောနဲ့) (2017) | Click Here | Click Here |
陈翔六点半之铁头无敌 (ပြိုင်ဘက်မရှိ သံခေါင်း) (2018) | Click Here | Click Here |
陈翔六点半之重楼别 (ချုံလုံပြယ်) (2019) | Click Here | Click Here |
陈翔六点半民间高手 (Fight For Love/Folk Experts) (2020) | Click Here | Click Here |
陈翔六点半之拳王妈 (2022)(Boxing Champion Mother) (2022) | Click Here | Click Here |
Green Rose 2005ကားကိုFHDနှင့်အမြန်တင်ပေးပါ
A Business Proposal (2022)ကားကိုအပိုင်း၁ -4FHDနှင့်အမြန်တင်ပေးပါ
Green Rose 2005ကားကိုFHDနှင့်အမြန်တင်ပေးပါ