
Black Water: Abyss (မြန်မာစာတန်းထိုး)
2020 ‧ Horror/Thriller ‧ 1h 39m
Translate & Script = Pig Crazy
xxxxxxxxxxxxxxxxxxxx
ဒီဇာတ်ကားကတော့ ၂၀၂၀ ဇူလိုင်လကမှ ထွက်ထားတဲ့ ဇာတ်ကားသစ်လေးပါ။ ဇာတ်ကားမှာတော့ အဲရစ်နဲ့ ဂျနီဖာ တို့အတွဲရယ် အခုမှ ကင်ဆာကုထုံးကုပြီးတဲ့ ဗစ်တာနဲ့ ကိုယ်ဝန်ရှိနေတဲ့ သူ့ကောင်မလေး ရိုလန်တာရယ် သူတို့ သူငယ်ချင်း ကက်ရှ်ရယ်က သြစတေးရီးယားမှာရှိတဲ့ ဂူတစ်ခုကိုသွားပြီး စူးစမ်းလေ့လာကြတာပါ။ ဒီဂူအကြောင်းကို သူတို့ ဘယ်လိုသိသလဲဆိုတော့ အရင်က အဲဒီဂူရှိတဲ့တောင်မှာ ပျောက်သွားတဲ့ ဂျပန် တောင်တက်သမားနှစ်ယောက်ကို သွားရှာတဲ့ အဖွဲ့ထဲမှာ ပါခဲ့တဲ့ ကက်ရှ်ကနေ တစ်ဆင့် သိကြတာပါ။ လူပျောက်ဖူးတဲ့ အချက်ကို မေ့ပြီး သူတို့တွေဟာ အဲဒီဂူကို ပျော်ရွှင်စွာသွားကြပါတယ်။ သူတို့ ဂူထဲကို ရောက်ပြီးတဲ့ အချိန်မှာပဲ မုန်တိုင်းကျပြီးတော့ ဂူထဲကို ရေတွေ စိမ့်ဝင်လာပါတယ်။ သူတို့ ဝင်ခဲ့တဲ့လမ်းကြောင်းကလည်း ရေတွေကြီးပြီး လမ်းပိတ်သွားပါတယ်။ အဲဒါအပြင် ဂူထဲမှာ ဖုန်းလိုင်း မမိတဲ့အတွက် သူတို့ အပြင်က လူတွေကိုလည်း အကူအညီလည်း တောင်းလို့မရပါဘူး။ အဲဒီထက် ဆိုးတာကတော့ ဂူထဲမှာ မိချောင်းကြီး ရှိနေတာပါပဲ။ ဇာတ်လမ်း နောက်ပိုင်းမှာတော့ သူတို့ အဲဒီမိကျောင်းကို ရှောင်ပြီး အပြင်ရောက်အောင် ဘယ်လိုလမ်းရှာပြီး ထွက်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။