
အခုတစ်ခါမှာတော့ ၂၀၀၉ ခုနှစ်ကထွက်ရှိပြီး မင်းသားရှာရွတ်ခန် ပါဝင်သရုပ် ဆောင်ထားတဲ့ အိန္ဒိယဇာတ်ကား ကောင်းလေးတစ်ကားကို တင်ဆက်ပေးပါရစေရှင် ဇာတ်လမ်းအကျဉ်းလေးကတော့ ဘတ်ဘူဒါရွာလေးမှာ ဘီလူးဆိုတဲ့ ဆံပင်ညှပ်ဆရာလေးနေပါတယ် ဆင်းရဲလွန်းလို့ ဆိုင်မှာ လဲသင့်တဲ့ပစ္စည်းတွေတောင် မလဲနိုင်ရှာဘူး တစ်နေ့အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီးရုပ်ရှင်မင်းသားတစ်ယောက် သူ့ရွာလေးမှာ ရုပ်ရှင်လာ ရိုက်ကြတယ် နာမည်ကြီးရုပ်ရှင်မင်းသားက အဲရွာလေးမှာ ဘာအကြောင်းကြောင့် ရုပ်ရှင်လာရိုက်ရသလဲ မင်းသားနဲ့ဘီလူးနဲ့ကရော ဘယ်လို ပတ်သက်ဆက်နွှယ်နေလဲဆိုတာလဲ လူပတ်ဝန်းကျင်ထုံးစံအတိုင်းသာပေါင်း ညာစားဘဝတွေကို တွေ့မြင်ရမယ့်အပြင် ဘယ်လိုသင်ခန်းစာတွေ ရရှိမလဲဆိုတာ သိဖို့ ဇာတ်ကားလေးကိုသာ ကြည့်ရှုလိုက်ပါ