
မေတ္တာတရားသာ အမှန်တကယ်ထားတတ်ရင် ဝိဉာဉ်နဲ့တောင် မိတ်ဆွေဖြစ်နိုင်ပါတယ် ဝိဉာဉ်လို့ပြောလို့ သရဲကားလို့မထင်လိုက်ပါနဲ့ မိဘနဲ့ သားသမီးကြားက မေတ္တာတရား ၊ မြေးနဲ့ အဖိုးအဖွားတွေကြားက မေတ္တာသံယောဇဉ်တွေကို ဒီကားထဲမှာ နက်နက်နဲနဲခံစားရမှာဖြစ်ပါတယ် Bhootnath ဆိုတဲ့ ဇာတ်ကားလေးက ၂၀၀၈ ခုနှစ်မှာ ဒါရိုက်တာ Vivek Sharma ကရိုက်ကူးပြီးတော့ မင်းသားကြီး Amitabh Bachchan၊ Shah Rukh Khan ၊ ကလေးသရုပ်ဆောင် Aman Siddiqui တို့နဲ့အတူ နာမည်ကြီးမင်းသမီး Juhi Chawla တို့က အတွဲညီညီ သရုပ်ဆောင် ထားပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ကလေးလေး ဘန်ကူးနဲ့ သူ့မိသားစု ဂိုအာမြို့မှာရှိတဲ့ အိမ်အသစ် နာ့သ်ဗီလာကိုပြောင်းလာရင်း နာ့သ်ဗီလာရဲ့ နာမည်ကြီး သရဲနဲ့တွေ့ဆုံခဲ့တဲ့အကြောင်းလေးပါ လူတိုင်းနေလို့မရတဲ့ အိမ်ကြီးမှာ ဘန်ကူးနဲ့ သရဲ့နဲ့ ဘယ်လိုအဆင်ပြေခဲ့ကြလဲ၊ တစ်ယောက်နဲ့တစ်ယောက်အကြား မေတ္တာ အပြန်အလှန်ထားရင်း သံယောဇဉ်ကြီးမားခဲ့ကြပုံကို ရိုက်ကူးထားတာပါ ဒီကားမှာ ကလေး သရုပ်ဆောင် ဘန်ကူးနဲ့ ဟွတ်နာ့သ်တို့ကြားမှာရှိတဲ့ မေတ္တာတရားဟာ မျက်ရည်ကျလောက်တဲ့အထိ ခိုင်မာလွန်းပါတယ် မိဘတွေဟာ သူတို့ဘဝ တစ်လျှောက် သားသမီးတွေအတွက် ကြိုးစားရုန်းကန်ခဲ့ကြပါတယ် ဒါကြောင့်မိဘရဲ့ နောက်ဆုံးအချိန်တွေထိတိုင်အောင်လည်း သားသမီးတွေက ပြန်လည်ကြည့်ရှု စောင့်ရှောက်သင့်ကြောင်းကို ဒီကားလေးကနေတစ်ဆင့် ပရိတ်သတ်ကြီးကို သတိပေးနေတာပါ နောက်ပြီး ဒီဇာတ်ကား လေးမှာ အဖိုးတစ်ယောက်က မြေးတစ်ယောက်ကို ဘဝမှာဘယ်လိုဖြတ်သန်းနေထိုင်သင့်ကြောင်းကိုလည်း သင်ကြားပြသထားတာကိုလည်း တွေ့မြင်ရမှာပါ ဘာသာပြန်သူကိုယ်တိုင် မျက်ရည်ကျပြီး ပြန်ခဲ့ရတာမို့ လက်မလွတ်သင့်ပဲကြည့်ရှုသင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်