
၃ နှစ်ပြည့်မွေးနေ့ပွဲကျင်းပရင်းနဲ့ပျောက်သွားတဲ့ Meera လေးရယ်၊ သူ့ရဲ့ မိဘတွေရယ်~အလုပ်ကို အလွန်အကျွံစွဲလန်းနေတဲ့ ဆိပ်ကမ်း အရာရှိတစ်ယောက်၊ ဇနီးနဲ့ သမီးလေး~သဘာဝလွန်ဖြစ်ရပ်တွေကို သုတေသနလုပ်နေတဲ့ ပရော်ဖက်ဆာတစ်ယောက်ရယ်~ပြီးတော့ နာမည်အတိုင်း သရဲခြောက်တဲ့ သင်္ဘောကြီးတစ်စင်းရယ် ~သူတို့ကြားထဲက စိတ်ခြောက်ခြားဖွယ် ပတ်သက်မှုတွေကို တစ်ဝကြီး ကြည့်ကြရမှာပါ။ Bhoot-Part One: The hunted ship ဇာတ်ကားဟာ IMDb မှာ rating 5.5 ရထားပြီး Book My show မှာတော့ 75% အထိကို ရရှိထားတာဖြစ်ပါတယ်။ မွန်ဘိုင်းမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်မှန်ကို ကျောရိုးယူ ရိုက်ကူးထားတာဖြစ်ပြီးတော့ Bhoot-Part One ဆိုတဲ့အတိုင်း Bhoot Horror Franchise ကြီးတစ်ခုရဲ့ ပထမဆုံး ဇာတ်ကားလည်းဖြစ်ပါတယ်။ Toilet ဇာတ်လမ်းရဲ့ မင်းသမီးချော Bhumi Pednekar ၊ Uri ဇာတ်ကားနဲ့ နာမည်ကြီးလာတဲ့ သရုပ်ဆောင် Vicky Kaushal တို့က ခေါင်းဆောင်အဖြစ်နဲ့ ပါဝင်ထားပါတယ်။ ဒါ့အပြင် ဘောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ သရုပ်ဆောင်တွေသာမက ကလေးသရုပ်ဆောင်တွေပါ ပါဝင်တာအားဖြည့်ထားပ်သေးတယ်။ ဇာတ်လမ်းမှာ Jump scare တွေ အများကြီး ပါတဲ့အပြင် ဆွတ်ပျံ့နာကျင်ဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုကိုလည်း မြင်ရမှာပါ။ တကယ့်ကို ကောင်းတဲ့ သရဲဇာတ်လမ်းလေးတစ်ခုပါ။ plot တွေ ၊ twisk တွေ အများကြီးပါသလို နောက်လာမယ့် Part 2 , Part 3 တွေ အတွက်လည်း Easter Egg တွေ ထည့်ထားပါသေးတယ်။ ကြည့်တတ်ရင် မြင်မှာပါနော်။ သရဲကားကြိုက်သူတွေအတွက်သာမက ဘောလီးဝုဒ်ဖန်တွေအတွက်ပါ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းလေးပါ။
သေချာကြည့်ဖို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။