
ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဘောလိဝုဒ်ရုပ်ရှင်ဇာတ်ကား Bhool Bulaiya ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ IMDB မှာ Rating 7.4/10 ရရှိထားပြီး အောင်မြင်မှုအများအပြားရရှိခဲ့တဲ့ အိန္ဒိယဇာတ်ကားကောင်းတစ်ကားပါပဲ။ ဒီဇာတ်ကားမှာ မင်းသားကြီး အက်ရှေကူးမား ပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကျော်မင်းသမီး ဗီဒ်ဒီယာဘာလမ် နဲ့ မင်းသား ရှိုင်နီယာဟူဂျာတို့ကလည်း အဓိကဇာတ်ဆောင်အနေနဲ့ အားဖြည့်ထားကြပါသေးတယ်။ ဘာသာရေးနဲ့ စိတ်ပညာအပေါ် အခြေတည် ဇာတ်အိမ်ဖွဲ့ထားပြီး၊ စိတ်ဝင်စားစရာ ဇာတ်လမ်းအသွားမှာ ဟာသကိုပါ ထပ်ပေါင်းရောနှောတဲ့အတွက် သုတ၊ ရသအပြင် ဟာသကိုပါ ခံစားရစေမှာဖြစ်လို့၊ ကြည့်နေရင်းနဲ့ ပျင်းချိန်တောင် ရမှာမဟုတ်ဘဲ ဇာတ်အိမ်ခိုင်ခိုင်၊ ပညာသားပါပါရှိလှတဲ့ ဇာတ်ကားတစ်ကားကို ကြည့်ရှုခံစားမိစေမှာပါ။ ဇာတ်လမ်းရဲ့အဓိက အချက်အချာဖြစ်တဲ့ တော်ဝင်မိသားစုနေထိုင်ရာ သရဲခြောက်တယ်လို့ နာမည်ကျော်တဲ့ ဝင်္ကပါနန်းတော်ရဲ့ လျှို့ဝှက်ချက်၊ ထိုနန်းတော်ကို ပြန်လည်ရောက်ရှိလာတဲ့ ခေတ်ပညာတတ် ဆက်ခံသူဘုရင် စီဒ်ဟာ့သ်နဲ့ ဇနီးသည် အန်ဗနီ၊ သူငယ်ချင်းရဲ့ ဖိတ်ခေါ်မှုကြောင့် ထိုနန်းတော်ဆီ လာရောက်ခဲ့တဲ့ စိတ်ရောဂါအထူးကုဆရာဝန် အက်ဒီယာ။ သူတို့တွေ ဒီနန်းတော်ကြီးမှာ ဘာတွေကြုံတွေ့ရမလဲ။ နန်းတော်ကြီးမှာ နှစ်ပေါင်းများစွာ စွဲကပ်နေတဲ့သရဲက ဘယ်သူများဖြစ်မလဲ။ ဘာသာရေးနဲ့ သိပ္ပံစိတ်ပညာရပ်က ဘယ်လိုတွေ ဆက်နွယ်မှု ရှိလာမလဲ။ ဒီအရေးတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ်၊ ထိတ်လန့်ဖွယ်၊ စိတ်ဝင်တစားလိုက်ပါ ကြည့်ရှုရမယ့်အပြင်၊ ဘာသာရေးနဲ့ သိပ္ပံပညာရပ်ရဲ့ ဆက်စပ်မှုကို အချက်အလက်ကျကျ၊ ဇာတ်အိမ်အလှည့်အပြောင်းအပေါ် ရင်တထိတ်ထိတ်ဖြစ်အောင် ဆွဲခေါ်သွားမှာဖြစ်ပြီး သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်ပီပြင်မှုတွေကိုပါ တစ်ဝကြီး မြင်တွေ့ရဦးမှာမို့ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။
Movies Name | Webpage | Telegram |
---|---|---|
Bhool Bhulaiyaa (2007) | Click Here | Click Here |
Bhool Bhulaiyaa 2 (2022) | Click Here | Click Here |