
ဇာတ်ကားကောင်းတွေ တင်ဆက်ပေးနေကျအတိုင်း ဒီတစ်ခါမှာလည်း ၂၀၂၂ ထွက် အိန္ဒိယဇာတ်ကားတစ်ကားကို ယူဆောင်လာခဲ့ပြန်ပါပြီ။ အိန္ဒိယဇာတ်ကား ပရိသတ်တွေဆို မစိမ်းလှမယ့် Bhool Bhulaiya ဇာတ်ကားရဲ့ အတွဲ ၂ ၊ Bhool Bhulaiya 2 ပါပဲ။ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Bhool Bhulaiya 1 မှာတော့ မင်းသားကြီး အက်ရှေကူးမားပါဝင်ထားပြီး ဇာတ်အိမ်ခိုင်ခိုင်၊ သရုပ်ဆောင်မှုကောင်းကောင်းနဲ့ အောင်မြင်မှုတွေ သိမ်းပိုက်ခဲ့ပါတယ်။ ဒီအတွဲ ၂ မှာရော ဘယ်လိုတွေ ရိုက်ကူးတင်ဆက်ထားလဲ။ သရုပ်ဆောင်မှုအတိုင်းအတာကရော ဘယ်လောက်ထိရှိမလဲ။ အတွဲ ၁ ကို မီပါ့မလားဆိုပြီး စိတ်ဝင်တစားရှိခဲ့ကြတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီအတွဲ ၂ ရဲ့ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ အိမ်တော်ကြီးမှာရော မိန်းကလေး မန်ဂျူလီကာက ဘယ်လိုပေါ် ထွက်လာမလဲဆိုတာကို ဇာတ်ကွက်အလှည့်အပြောင်း၊ မြှုပ်ကွက်တွေနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ ပညာမခေလှတဲ့ မင်းသမီးကြီး တာဘူးက အကျင့်စရိုက်ကွဲပြားတဲ့ နှစ်ကိုယ်ခွဲအမြွှာအဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြီး၊ မင်းသား ကာသစ်အာရန်ကလည်း ဟာသဇာတ်ကွက်တွေကို ရုပ်လုံးကြွအောင် ပါဝင်သရုပ်ဆောင်ထားတဲ့အပြင်၊ မင်းသမီးချော ကီယာကာအန်ဗနီကိုလည်း တွေ့ရမှာမို့ သရုပ်ဆောင်မှုကတော့ ကျေနပ်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
Movies Name | Webpage | Telegram |
---|---|---|
Bhool Bhulaiyaa (2007) | Click Here | Click Here |
Bhool Bhulaiyaa 2 (2022) | Click Here | Click Here |