
ဒီဇာတ်ကားလေးကတော့ Beauty and The Beast ဇာတ်ကားလေးရဲ့အဆက်လေးပဲဖြစ်ပါတယ်။ ခရစ်စမတ်ကို နောက်ကြောင်းခံရိုက်ကူးထားပြီးတော့ ဘဲလ်ကို ဝံပုလွေအုပ်လက်ထဲကနေ ကယ်ပြီးတဲ့အချိန်တုန်းက ဘဲလ်နဲ့ သတ္တဝါကြီးတို့ ဘယ်လိုခင်မင်ရင်းနှီးသွားကြလဲဆိုတာကို ဒီကားလေးမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ မင်းသားလေးက ခရစ်စမတ်ပွဲနေ့မှာ သတ္တဝါကြီးအဖြစ်ပြောင်းလဲခံလိုက်ရပြီး သူ့ဘဝရဲ့ ကံဆိုးမိုးမှောင်ကြခဲ့တဲ့နေ့တစ်ခုဖြစ်တာကြောင့် ရဲတိုက်ထဲမှာ ခရစ်စမတ်ပွဲကျင်းပခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် ဘဲလ်ရောက်လာတဲ့အချိန်မှာတော့ သတ္တဝါကြီးရဲ့ပူဆွေးမှုတွေကို ဖြေဖျောက်ပေးဖို့အတွက် ခရစ်စမတ်ပွဲကို ပြန်ပြီးကျင်းပဖို့ စီစဉ်ပါတော့တယ်။ သတ္တဝါကြီးကတော့ အဲ့ဒီအကြံကိုသဘောမကျခဲ့ဘူး။ ဒီဇာတ်ကားလေးထဲမှာ ဗီလန်အဖြစ်ပါဝင်လာတဲ့ ဇာတ်ကောင်အသစ်ကတော့ စန္ဒရားကြီးတစ်ခုဖြစ်တဲ့ မတ်စတိုဖော်တေးပဲဖြစ်ပါတယ်။ ဘဲလ်ရောက်မလာခင်အထိ သတ္တဝါကြီးရဲ့ စိတ်ညစ်မှုတွေကိုဖြေဖျောက်ပေးနိုင်တာက အဲ့ဒီစန္ဒရားသံတစ်ခုပဲရှိပြီး ဖော်တေးဟာ အရင်တုန်းက မင်းသားလေးရဲ့အရေးပေးမှုကိုမခံခဲ့ရတာကြောင့် အခုလိုအရေးပေးခံရနေနဲ့အချိန်မှာ အရင်လိုပြန်ဖြစ်သွားမှာကိုကြောက်တဲ့အတွက် ဘဲလ်နဲ့ သတ္တဝါကြီးတို့ကို တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေဖြစ်ပေါ်မလာအောင် လိုက်နှောင့်ယှက်ပါတော့တယ်။ ဒီတော့ ဘဲလ်နဲ့ သတ္တဝါကြီးတို့ ဘယ်လိုသဘောထားတွေ ကွဲလွဲဦးမလဲ။ အမြဲခရစ်စမတ်ကိုမုန်းတီးနေတဲ့ သတ္တဝါကြီးကရော ခရစ်စမတ်ပွဲကိုကျင်းပခွင့်ပြုခဲ့သလား။ နောက်ထပ် ချစ်စရာကောင်းတဲ့ ဘယ်လိုဇာတ်ကောင်အသစ်လေးတွေ ပါဝင်ဦးမလဲဆိုတာကို ကြည့်ရှုအားပေးရမှာပဲဖြစ်ပါတယ်။
Movies Name | Webpage | Telegram |
---|---|---|
Beauty and the Beast (1991) | Click Here | Click Here |
Beauty and the Beast: The Enchanted Christmas (1997) | Click Here | Click Here |