
၁၉၆၆ ကနေ ၂၀၂၂ အထိ ထွက်ဖူးသမျှ Batman တွေထဲမှာမှ Rating အကောင်းဆုံး Batman Trilogy ရဲ့ ပထမဆုံးဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဘရုဝိန်းဟာ ငယ်စဉ်က ကစားရင်း လင်းနို့ဂူထဲ ချော်လဲပြုတ်ကျပြီးကတည်းက လင်းနို့တွေကိုကြောက်ခဲ့တဲ့ကောင်လေးပါ။ ဘရုရဲ့မိဘတွေဟာ ဂေါ်သမ်မြို့ရဲ့စီးပွားရေးပျက်ကပ်ကြောင့် ပြဇာတ်ရုံကအပြန် လမ်းကြားထဲမှာ လုယက်ခံရပြီး အသတ်ခံလိုက်ရပါတယ်။ မိဘမဲ့ဖြစ်ခါစ ငယ်ဘဝကတော့ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ ရာဇဝတ်သားတွေရဲ့ခံယူချက်ဟာ ဘယ်လိုလဲသိရအောင် ကမ္ဘာပတ်ပြီး လူဆိုးလုပ်ကြည့်နေပါပြီ။ ဒါပေမယ့် အကြောင်းမလှဘဲ အဖမ်းခံလိုက်ရပြီး ထောင်ကျသွားခဲ့ပါတယ်။ သို့သော်လည်း အဆက်အသွယ်ကောင်းမှုနဲ့ အရိပ်အဖွဲ့ထဲဝင်ပြီး အကြောက်တရားကင်းမဲ့ပြီး ပြီးပြည့်စုံတဲ့ လုပ်ကြံသတ်ဖြတ်သူအဖြစ် ပညာသင်ကြားခဲ့လိုက်ပါတယ်။ အကြောက်တရားကင်းမဲ့သွားပေမယ့်လည်း ဆင်ခြင်တုံတရားရှိသေးတဲ့အတွက် ဘရုဟာ တရားမျှတမှုရယူနိုင်ဖို့အတွက်နဲ့ လူ့အသက်တွေကိုပဲ နှုတ်ယူနေဖို့မလိုကြောင်း သေချာဝေခွဲဆုံးဖြတ်နိုင်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်သူတော့ ဖြစ်မလာခဲ့ပါဘူး။ အဲ့ဒီနောက် တတ်လာခဲ့တဲ့ပညာတွေနဲ့ မွေးရပ်မြေ ဂေါ့သမ်မြို့ကိုကယ်တင်ဖို့ရာ အရိပ်အဖွဲ့မှ အကြမ်းနည်းနဲ့နှုတ်ထွက်ကာ ပြန်လာပါတော့တယ်။ ဘတ်မန်းရဲ့ ဇာစ်မြစ်ကို သေချာရိုက်ပြပေးထားတဲ့ဇာတ်ကားမို့လို့ ပရိတ်သတ်ကြီးတို့အနေနဲ့ အချိန်ပေးရကျိုးနပ်စေရပါလိမ့်မယ်လို့ အာမခံရင်း မကြည့်ဖူးရင် စမ်းကြည့်ကြည့်ဖို့၊ ကြည့်ဖူးပြီးရင် တစ်ခေါက်ပြန်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ ဒီဇာတ်ကားထဲက ဒိုင်ယာလော့တစ်ကြောင်းဖြစ်တဲ့ “တရားမျှတမှုဟာ လက်စားချေခြင်းထက်ပိုပါတယ်” ဆိုတဲ့ စာသားလေးကတော့ ဘာသာပြန်သူအတွက် တွေးခေါ်စရာလေးရသွားစေခဲ့တာပေါ့။
Movies Name | Webpage | Telegram Links |
---|---|---|
Batman Begins (2005) | Click Here | Click Here |
The Dark Knight (2008) | Click Here | Click Here |
The Dark Knight Rises (2012) | Click Here | Click Here |