
ဒီတစ်ခါမှာတော့ January 14, 2021 ကထွက်ရှိထားပြီး rating 8 အထိ ရရှိထားတဲ့ အင်ဒိုသရဲကားလေးနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ မကောင်းဆိုးဝါးရဲ့ ခြောက်လှန့်သတ်ဖြတ်တာခံနေရတဲ့ တောအုပ်ထဲက ရွာတစ်ရွာအကြောင်းကို ရိုက်ကူးထားတာပါ။ လင်မယားနှစ်ယောက်ဟာ ရင်ဂင်လာဝမ်လို့ခေါ်တဲ့ မိစ္ဆာဒိဠိအယူဝါဒရှိတဲ့ နေရာကနေ အီမာ့စ်ဆိုတဲ့ ကလေးမလေးတစ်ယောက်ကို မွေးစားဖို့ခေါ်လာကြတယ်။ ကံဆိုး ချင်တော့ ချမ်းသာချင်တဲ့ လင်မယားနှစ်ယောက်က ကောင်မလေး အရွယ်ရောက်ရင် ပြန်ပေးဆပ်ပါ့မယ်ဆိုပြီး မိစ္ဆာတစ်ကောင်နဲ့ အပေးအယူ လုပ်ခဲ့တယ်။ အဲဒီလိုနဲ့ ကောင်မလေး အရွယ်ရောက်လာတဲ့အခါမှာတော့ ပထမဆုံး သူ့ရဲ့မွေးစားအမေ အသတ်ခံရတယ်။ ထူးခြားတာက ရင်ဂင်လာဝမ်မှာ လူတစ်ယောက်သေပြီဆိုတာနဲ့ နောက်လူတွေပါ သေရရော။ ဒါကြောင့် ရွာသားတွေလည်း ထိတ်လန့်တုန်လှုပ်ကုန်တာပေါ့။ ရွာရဲ့အကြီးအကဲနဲ့ ဘာသာရေးဆရာတို့ပေါင်းပြီး ဒီပြဿနာကို အဖြေရှာပြီး အဆုံးသတ်ဖို့ ကြိုးစားတဲ့အခါမှာတော့ အီမာ့စ်နဲ့ မကောင်းဆိုးဝါး ကြားက ဆက်နွှယ်မှုကို သိရှိသွားကြမလား? ဒုက္ခပေးတဲ့ မိစ္ဆာမကြီးဆီကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ကြမလဲ? ဆိုတာ တုန်လှုပ် ချောက်ချားဖွယ်ကြည့်ရှုရင်း အဖြေရှာကြည့်ကြပါစို့။