
ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတို့ကို တစ်ခေတ်တစ်ခါက ဒိတ်ဒိတ်ကြဲဖြစ်ခဲ့တဲ့ (၂၀၀၉) ထွက် Avatar ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ အောက်ပိုင်းသေသွားတဲ့အတွက် ရေတပ်ကနှုတ်ထွက်လိုက်ရတဲ့ စစ်မှုထမ်းဟောင်းဂျိတ်ခ်ဟာ သိပ္ပံပညာရှင် သူ့အမြွှာညီ တွမ်မီတာဝန်ယူထားတဲ့ပရိုဂရမ်တစ်ခုကို ကိုယ်စားတာဝန်ယူပေးဖို့အတွက် ပန်ဒိုရာလို့ခေါ်တဲ့ ဂြိုဟ်ကြီးဆီကို ရောက်ရှိလာပါတော့တယ်။ သူ့တာဝန်က အဗာတာလို့ခေါ်တဲ့ ခန္ဓာတွေကို အဝေးထိန်းစနစ်နဲ့ မောင်းနှင်ဖို့ဖြစ်ပြီး အဗာတာဆိုတာက အဲဒီဂြိုဟ်ရဲ့မျိုးရင်း လူပြာမျိုးနွယ်တွေနဲ့တူအောင် တုပဖန်တီးထားတဲ့ ခန္ဓာတွေပဲဖြစ်ပါတယ်။ သူ့တာဝန်က ဒီမျိုးရင်းမျိုးနွယ်တွေရဲ့ ယုံကြည်မှုကိုအရယူကာ သူတို့ရွာအောက်က ရတနာတွေကိုတူးဖော်ဖို့ဖြစ်ပေမဲ့ တကယ်တမ်းယုံကြည်မှုရလာတဲ့အခါမှာတော့ သူဘယ်ဘက်ကိုရွေးချယ်မလဲဆိုတာက စိတ်ဝင်စားစရာဖြစ်လာတာမို့ IMDB rating 7.8 အထိရထားတဲ့ဒီကားဟောင်းလေးကို ပြန်လည်ခံစားရင်း အားပေးကြပါဦးနော်။ sci-fi အမျိုးအစား ဂြိုဟ်သားကားတစ်ကားဖြစ်တာကြောင့် ကိုယ့်ကမ္ဘာဂြိုဟ်နဲ့မတူအောင် ဖန်တီးထားတဲ့ သတ္တဝါဆန်းကြီးတွေ မြေမျက်နှာသွင်ပြင်တွေကို တဝကြီးခံစားရမှာမို့ မပျင်းရမှာတော့ အသေအချာပါပဲရှင်။
La Brea ဆိုတဲ့ကားလေးတင်ပေးပါအုံးဗျ ?
Kalifornia (1993)
Gosford Park (2000)
The Cook, the Thief His Wife & Lover (1989)
ဒီကားလေးတွေတင်ပေးပါဦးဗျ ဇာတ်ကားကောင်းတွေပါ