What's happening?

Article 15

Article 15

Made a difference, now we will make a differenceMay. 28, 2019India130 Min.Not Rated
Your rating: 0
6 1 vote

Synopsis

Article 15 (မြန်မာစာတန်းထိုး)


2019 ‧ Crime/Action ‧ 2h 20m


Translate & Script = Poppy


Translator Incharge & Encoded by Thi Ha Thu


xxxxxxxxxxxxxxxxxxxx

အာရန်ယန်ဂျန်လို့ခေါ်တဲ့ ရဲအရာရှိလေးဟာ လာဂွန်းမြို့လေးကို ပြောင်းရွေ့မိန့်ကျပြီး ရောက်လာခဲ့ပါတယ်။ သူစရောက်လာတဲ့ လမ်းမှာတင် ဒီမြို့လေးရဲ့ အမျိုးဇာတ် ခွဲခြားမှု အယူဝါဒရှေးရိုးစွဲတွေကို စတင်တွေ့ရှိရတာပါ။ အာရန် ရောက်ပြီးမကြာခင်မှာပဲ စခန်းမှာ မိန်းကလေး ၃ ယောက်ပျောက်ဆုံးမှု လာရောက်တိုင်ကြားတာ တွေ့ရှိခဲ့ရပါတယ်။ အာရန့်ကို ကြိုဆိုမိတ်ဆက်ပွဲနေ့အပြီး နောက်တစ်နေ့မနက်မှာပဲ ထိုမိန်းကလေး ၃ ဦးထဲမှ ၂ ဦးဟာ ရွာထိပ်က သစ်ပင်မှာ ကြိုးဆွဲချခံထားရတာကို တွေ့ရှိခဲ့ရပါတယ်။ နောက်တစ်ယောက်ကတော့ ပျောက်နေဆဲပါ။ ထိုနယ်လေးမှ လက်အောက်ငယ်ရဲအရှာရှိတွေကတော့ ထိုအမှုကို ပိတ်သိမ်းဖို့ တောင်းဆိုခဲ့ကြပေမယ့် အမှန်တရားကို လက်ကိုင်ထားပြီး မျိုးရိုးဇာတ် အနိမ့်အမြင့် ခွဲခြားဆက်ဆံမှု မရှိတဲ့ အာရန်ကတော့ ဒီအမှုကို ဘယ်လောက်အန္တရာယ် များများ ဆက်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထိုအမှုရဲ့ နောက်ကွယ်မှာဘယ်သူတွေပါဝင်နေမလဲ။ ဘယ်လိုအမှန်တရားတွေကို ဖုံးကွယ်ထားမလဲ ဘယ်လိုဆန်းကြယ်မှု တွေရှိမလဲ ဇာတ်လမ်း ဇာတ်ကွက်တစ်ခုချင်းစီက အေးအေးဆေးဆေးနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ကြည့်ရှုသူကို အဆုံးထိ ဆွဲခေါ် ယူနိုင်ပါတယ်။ ဤဇာတ်ကားဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူသားချင်း အဆင့်အတန်း မျိုးရိုးဇာတ် အနိမ့်အမြင့် ခွဲခြားဆက်ဆံမှု၊ ရဲအရာရှိများ အဂတိလိုက်စားမှုတွေကို အခြေခံရိုက်ကူးထားတာပါ။ ဇာတ်ဆောင်မင်းသား Ayushmann Khurrana အပါအဝင် အခြားဆုပေါင်းများစွာကိုလည်း ဆွတ်ခူးခဲ့တာပါ။ Bollywood ဇာတ်ကားတွေထဲကမှ Rating 8.2/10 နဲ့ Rating အမြင့်ဆုံးဇာတ်ကားထဲမှာ ပါဝင်နေပါတယ်။ ဒါရိုက်တာကတော့ Anubhav Sinha ဖြစ်ပြီး ပရိသတ်တွေအကြိုက်တွေ့စေမယ့် ကားကောင်းတစ်ကားဖြစ်တာမို့ လက်မလွတ်တမ်းကြည့်ပါလို့ပဲ အကြံပြုပါရစေ။

Article 15
Article 15
Article 15
Article 15
Article 15
Article 15
Article 15
Article 15
Article 15
Article 15
Original title Article 15
IMDb Rating 8.2 21,652 votes
TMDb Rating 7.6 75 votes

Similar titles

The Dark Knight Rises
Captain Phillips
Three Thousand Years of Longing
Transporter 2
Once a Thief
A Man and a Woman
The Gangster, the Cop, the Devil
Dark Glasses
陈翔六点半之铁头无敌
The Beast
Never Rarely Sometimes Always
Face/Off

Leave a comment

Name *
Add a display name
Email *
Your email address will not be published