
ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ထိုင်ဝမ်ဇာတ်ကားလေးပါ။ ကိုဗစ်ကာလကို အခြေခံထားပြီး၊ မိသားစုပြဿနာတွေ၊ နိုင်ငံခြားနဲ့ တရုတ်ပြည်ရဲ့ မတူညီတဲ့ စာသင်ကြားရေးစနစ်တွေ၊ မတူညီတဲ့ ဓလေ့ထုံးထမ်းတွေ၊ ကျောင်းအသစ်တစ်ခုကို တက်ရတဲ့ အချိန်မှာ အတန်းဖော်တွေနဲ့ အဆင်မပြေမှုတွေကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။ လျန်ဖန်းရီနဲ့ လျန်ဖန်းအန်းတို့ ညီအစ်မနှစ်ယောက်က ငယ်ငယ်ကတည်းက အမေဖြစ်သူ ဝမ်လိလိနဲ့ အမေရိကားမှာ နေထိုင်လာကြတာပါ။ ဒါပေမဲ့ ဝမ်လိလိရဲ့ ကင်ဆာရောဂါကုသဖို့အတွက် အဖေရှိတဲ့ ထိုင်ဝမ်မှာ ကျောင်းပြန်လာတက်ကြရပါတယ်။ အမေရိကန်မှာပဲ လွတ်လပ်စွာကြီးပြင်းလာတဲ့အတွက် ထိုင်ဝမ်မှာ အကျပ်အတည်း မျိုးစုံနဲ့ အဆင်မပြေဖြစ်ရပြီး၊ အမေရဲ့ ကင်ဆာရောဂါကြောင့်လည်း စိတ်ရှုပ်ရတဲ့ လျန်ဖန်းရီက ကျောင်းမှာပါ သူများတွေရဲ့ “အမေရိကန်သူ”လို့ နောက်ပြောင်တာကို ခံနေရတဲ့ အခြေအနေမျိုးပါ။ ဒီကားလေးထဲမှာ ဗဟုသုတ ရစရာတွေ အများကြီးကို ကြည့်ရှုရမယ့်အပြင် ကိုယ့်လက်တွေ့ဘဝနဲ့ ချိတ်ဆက်ပြီးတော့ကြည့်မယ်ဆိုရင်လည်း တူညီတဲ့ ပြဿနာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ သရုပ်ဆောင်ချက်တွေ ကလည်း အရမ်းကောင်းကြလို့ အားလုံးပဲ ဇာတ်လမ်းလေးကို ဝင်ရောက် ကြည့်ရှုလိုက်ကြပါဦး။