
ကဲ ဒီတစ်ခါတော့ ရွှေပန်းသီးပရိတ်သတ်တွေအတွက် ၂၀၂၀ ထွက် စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ကိုရီးယားကားလေးတစ်ကား မိတ်ဆက်ပေးပါ့မယ်။ ဒီကားလေးကတော့ Alive ဆိုတဲ့ Zombie ကားလေးဖြစ်ပြီး rating ကလည်း 8.7ထိ ရရှိထားတဲ့ ကားလေးဖြစ်ပါတယ်။ ဒီကားလေးကို နာမည်ကျော် ဒါရိုက်တာ Cho ll-Hyung က ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသား Yoo Ah-in နှင့် မင်းသမီး Park Shin-hye တို့ကပါဝင်သရုပ်ဆောင်ထားပြီး ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်ကမှ ကိုရီးယားမှာ ထုတ်လွှင့်ပြသပေးခဲ့တာဖြစ်ပါတယ်။ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ Zombie ကားဆိုတာနဲ့ ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလဲဆိုတာ မကြည့်ခင်ထဲ နမူနာကြည့်တာနဲ့သိပြီးကြမှာဖြစ်ပါတယ်။ ဒီကားလေးထဲမှာ မင်းသား Yoo Ah-in နေတဲ့ မြို့ထဲမှာ ကြောက်ဖို့ကောင်းတဲ့ ဗိုင်းရပ်စ် တစ်မျိုးပျံ့နှံ့သွားပြီးတော့ တစ်မြို့လုံးက ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး တစ်မြို့လုံးကသူတွေက Zombie တွေဖြစ်သွားကြတယ်။ အဲ့အချိန်မှာ အသက်ရှင်ကျန်ခဲ့တာဆိုလို့ မင်းသား Yoo Ah-in နဲ့ မင်းသမီး Park Shin-hye တို့ဖြစ်ပြီး သူတို့ဆက်သွယ်လို့ရမယ့် အင်တာနက်လိုင်း၊ မီးလိုင်းတွေပါပြတ်တောက်သွားပါတယ်။ ကျန်ခဲ့တဲ့ သူတို့နှစ်ယောက် ဒီကြောက်ဖို့ကောင်းတဲ့ အကောင်တွေလက်က ဘယ်လိုတွေလွတ်အောင်လုပ်ကြမလဲ၊ ဘယ်လိုအခက်အခဲတွေနဲ့တွေ့ကြမလဲ ဆိုတာတော့ စိတ်လှုပ်ရှားစွာနဲ့ ဒီကားလေးထဲမှာ စောင့်ကြည့်လိုက်နော်။ အားလုံး ကြိုက်နှစ်သက်မယ့်ကားလေးတစ်ကားဆိုတာတော့ အပြည့် အဝအာမခံပါတယ်။
Ok