
၂၀၀၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Little Pond ဇာတ်ကားကတော့ တောင်မြောက်စစ်ပွဲကာလ ကိုရီးယားကျွန်းဆွယ်အခြေအနေကို အခြေခံပြီး ဒါရိုက်တာ Lee Sang Woo မှရိုက်ကူးထားတာဖြစ်ပါတယ် ဖြစ်ရပ်မှန်ဇာတ်လမ်းကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် ပေါင်းများစွာပါဝင်အားဖြည့်ထားပါတယ် ရုရှားနှင့်အမေရိကန်တို့ရဲ့ သိမ်းပိုက်မှုကိုခံလိုက်ရပြီးနောက် နှစ်နိုင်ငံရဲ့ကြား စစ်ပွဲမြေစာပင်ဖြစ်ခဲ့ရတဲ့ ကိုရီးယားနိုင်ငံပြည်သူများရဲ့ အခြေအနေကို အဓိကပေါ်လွင်အောင်ရိုက်ကူးထားပြီး အမေရိကန်စစ်တပ်ရဲ့ရုတ်တရက် ပစ်ခတ်ခြင်းကို ခံခဲ့ရတဲ့နိုဂွန်းရီဒေသကရွာလေးနဲ့ ကံဆိုးမိုးမှောင်ကျခဲ့ရသောရွာသားများ၏ဘဝ သေကွဲကွဲကာ ဒုက္ခရောက်ခဲ့ရသော အပြစ်မဲ့ပြည်သူများ တောင်မြောက်နှစ်ခြမ်းကွဲခဲ့ရပုံ စစ်တွင်းကာလပြည်သူများ၏အခြေအနေတို့ကို သိရှိစေရုံသာမက စစ်တွင်းကာလအကြောင်းအရာများကိုပါ စုံစုံလင်လင်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်