
The Dog’s Purpose(ခွေးကလေးရဲ့ ရည်မှန်းချက်) ဇာတ်ကားမှာ ၂၀၁၇ ခုနှစ်တွင် ထွက်ရှိခဲ့သော ဇာတ်ကားဖြစ်ပါတယ်။ ဤဇာတ်ကားကို ဒါရိုက်တာ Lasse Hallström က ရိုက်ကူးခဲ့ပြီး ဒရမ်မာ အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကား မှာ အဓိကရိုက်ကူးထားတာကတော့ ခွေးလေး ဘေလီ နဲ့ သူ့သခင် အီသန် တို့အကြား မှာရှိတဲ့ သံယောဇဉ် ကို ဦးစားပေးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ခွေးလေးက ဘေလီ သူ့သခင် အီသန် ကို ဘဝအဆက်ဆက် လိုက်ရှာခဲ့တယ်။ ဘေလီဟာ ဘဝတိုင်း ခွေးလေး တွေချည်း ဖြစ်နေပြီး အခက်အခဲမျိုးစုံကြုံခဲ့ရတယ်။ ဒါပေမဲ့ သူ့ရဲ့ နောက်ဆုံး ဘဝမှာ သူ့သခင် အီသန်နဲ့ ပြန်လည် ဆုံစည်းခဲ့ပြီး သခင်ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်ကားကို ကြည့်ပြီး ပျော်ရွှင်ရ၊ ကြည်နူးရ၊ ဝမ်းနည်းရတဲ့ ရသမျိုးစုံကို တစ်ပြိုင်နက်တည်း ခံစားရမှာဖြစ်လို့ ကြည့်ဖို့ ထိုက်တန်တဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်၊ ဒီဇတ်ကားမှာ နောက်ခံအသံပြောတဲ့သူတွေက ခွေးလေး ဘေလီရဲ့ နောက်ခံအသံကို Josh Gad က သရုပ်ဆောင်ထားပြီး၊ အီသန် လူငယ်ဘဝ မှာတော့ သရုပ်ဆောင် အဆိုတော် KJ Apa က ပါဝင်သရုပ်ဆောင်ထားပါတယ်၊ ဒါ့အပြင် အီသန်ရဲ့ လူကြီးဘဝ သရုပ်ဆောင်က မင်းသားကြီး Dennis Quaid ဖြစ်ပါတယ်