
ယွန်းယောင်းဟာ ကျန်းမာရေးချူချာတဲ့ အမေဖြစ်သူနဲ့ အမေတစ်ခု သမီးတစ်ခုအဖြစ် နေထိုင်နေတဲ့ သမီးအလိမ္မာလေးဖြစ်ပါတယ်။ အဖေဖြစ်သူမရှိတော့တဲ့နောက်မှာ နေမကောင်းတဲ့အမေကိုပါ ပြုစုစောင့် ရှောက်ဖို့ရာ ကိစ္စအဝဝတို့က ငယ်ရွယ်တဲ့သူမအပေါ် အလိုအလျောက် ကျရောက်လာတာကြောင့် သူမဟာ ကျောင်းထွက်ပြီး အစိုးရဝန်ထမ်းစာမေးပွဲအတွက် ပြင်ဆင်ပါတော့တယ်။ တစ်ရက် သူမ အချိန်ပိုင်း အလုပ်က ပြန်လာချိန်မှာတော့ သူမရဲ့ဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမဲ့ ကံဆိုးမှုကြီးကို ကြုံတွေ့လိုက်ပါတော့တယ်။ သူမဟာ ခံပြင်းစရာ ကောင်းစွာနဲ့ပဲ ထောင်ချခံလိုက်ရပြီး ထောင်အခန်းဖော်များအဖြစ် ဘဝဇာတ်ခုံအမျိုးမျိုးပေါ်က လူမျိုးစုံနှင့် တွေ့ဆုံခွင့်ရခဲ့ရင်း ကြုံတွေ့လာရမဲ့ လောကဓံတွေကို ဘယ်လိုအတူတူ ရင်ဆိုင်သွားကြမယ်ဆိုတာကို ကြည်နူးမှု ဝမ်းနည်းမှု ခံပြင်းမှု စသည့်စသည့် ရသမျိုးစုံဖြင့် ကြည့်ရှုခံစားနိုင်မဲ့ ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။