
ဒီဇာတ်ကားကတော့ ၂၀၁၂ က ထွက်ရှိထားတာဖြစ်ပြီး ၂၀၀၈ က ထွက်ရှိထားခဲ့တဲ့ 1920 ဇာတ်ကားရဲ့ sequel တစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အိန္ဒိယသရဲကားအမျိုးအစားဖြစ်ပြီး Aftab Shivdasani, Tia Bajpai, Vidya Malvade နဲ့ Sharad Kelkar စတဲ့ မင်းသားမင်းသမီးတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဂျာဒေ့ဗာမာ အမည်ရတဲ့ နိုင်ငံကျော်ကဗျာဆရာတစ်ယောက်က သူနဲ့တစ်ခါမှ မမြင်ဖူးမဆုံဖူးတဲ့ မိန်းကလေးတစ်ဦး စမရုတီနဲ့ချစ်ကျွမ်းဝင်ကြပါတယ်။ ကဗျာတွေ စာတွေအပြန်အလှန် ပို့ဆက်သွယ်ကြရင်း ချစ်ကြိုး သွယ်ရာမှ တစ်ရက်တော့ ဂျာဒေ့တစ်ယောက် ချစ်သူကိုသွားတွေ့ရာမှာ ချစ်သူသေဆုံးတဲ့သတင်းကို ကြားခဲ့ရပါတယ်။ နှစ်နှစ်နီးပါးလောက် နှလုံးသားကွဲကြေမှုဒဏ်ကို ခံစားနေရတုန်းမှာပဲ မတော်မဆ မိန်းကလေးတစ်ယောက်ကို ကယ်တင်စောင့်ရှောက်ဖို့ အကြောင်းဖန်လာပါတော့ တယ်။ ထူးဆန်းမှုတွေကြားက သူတို့နှစ်ယောက် အချင်းချင်းမသိကြ မမှတ်မိကြပေမယ့် မသိစိတ် နှလုံးသားချင်းကတော့ နီးစပ်မှုရှိတာ သိခဲ့ကြပြီးတဲ့နောက် သူတို့ချစ်ကျွမ်းဝင်သွားကြပြန်ပါတယ်။ အဲ့ဒီနောက်မှာတော့ မိန်းကလေးရဲ့ပြဿနာကို အဖြေရှင်းရင်းက ဂျာဒေ့ တစ်ယောက် သူချစ်မိလိုက်တဲ့သူက သူ့အရင်ကချစ်ရသူမှန်းသိတဲ့အခါ သူဘယ်လိုဆက်လုပ်မလဲ။ မိန်းကလေးက အခြားဝိညာဥ်တစ်ခုဝင်ပူး ခံထားရတဲ့ကိစ္စမှာ ဘယ်လိုရှုပ်ထွေးမှုတွေရှိနေဦးမလဲ ဆိုတာတော့ ရင်ခုန်စွာနဲ့စောင့်ကြည့်ရမယ့် ရန်ငြိုးတွေကြားက အချစ်သရဲကားလေးပဲ ဖြစ်ပါတယ်။
Movies List | Page Link |
---|---|
1920 (2008) | Click Here |
1920: Evil Returns (2012) | Click Here |