![[18+] The Forbidden Legend Sex & Chopsticks (2008)](https://www.shwepannthee.video/wp-content/uploads/2008/09/MV5BZTVkZjkxYjktYTRiMi00YzYyLTkzNTktOTJiZmJmMWVjZTQ1XkEyXkFqcGdeQXVyNzg5OTk2OA@@._V1_FMjpg_UX1000_-185x278.jpg)
9/11 ဆိုတာနဲ့ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့ကုန်သွယ်ရေးမျှော်စင်ညီနောင် (World Trade Center)ကို ပြန်ပေးဆွဲခံထားရတဲ့ ခရီးသည် တင်လေယာဉ်ကြီးတွေနဲ့ တိုက်ခိုက်တာခံရတဲ့ ၂၁ ရာစုရဲ့ ခြောက်ခြားစရာအကောင်းဆုံး အကြမ်းဖက်မှု ဖြစ်ရပ်ကြီးတစ်ခုကို ပြန်အမှတ် ရမိကြမယ်ထင်ပါတယ်။ အဲ့ဒီဖြစ်ရပ်ကြီးနောက်ပိုင်း အမေရိကန်တပ်တွေ အာဖဂန်နစ္စတန်နိုင်ငံကို ဝင်သိမ်းတာတွေ၊ နောက်ဆုံးပါကစ္စတန် စစ်တက္ကသိုလ်ရဲ့ အနောက်တောင်ဘက် တစ်မိုင်တောင်မဝေးတဲ့ အဆောက်အဦထဲမှာပုန်းခိုနေတဲ့ အိုစမာဘင်လာဒင်ကို အမေရိကန်အထူး တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာတွေဟာ ကမ္ဘာကသိတဲ့ အထင်ကရဖြစ်ရပ်တွေပါပဲ။ ဒါပေမယ့် ဒီလိုလူသိများ ထင်ရှားခဲ့တဲ့ အဖြစ်အပျက်တွေနောက်ကွယ်မှာ လူသိပ်မသိခဲ့ပေမဲ့ အမှန်တကယ်အရေးပါခဲ့တဲ့ ဒဏ္ဍာရီလာ သူရဲကောင်းပုံပြင်ဆန်ဆန် ဖြစ်ရပ်မှန် ဇာတ်လမ်း တစ်ခုရှိခဲ့ပါတယ်။ “12 Strong” တဲ့ ဟုတ်ပါတယ်။ အမေရိကန်အထူးတပ်ဖွဲ့ဝင် ၁၂ ဦး၊ အမေရိကန်အထူးတပ်ဖွဲ့ဝင် မြင်းစီးစစ်သည် ၁၂ ဦးဆို ပိုမှန်ပါတယ်။ တောတောင်ထူထပ်တဲ့ အာဖဂန်စစ်မြေပြင်မှာ ဒေသခံပြည်သူ့စစ်တွေနဲ့အတူ မြင်းတွေစီးပြီး တိုက်ပွဲဝင်ခဲ့ကြသူတွေမို့ပါ၊ 9/11 ဖြစ်ရပ်ပြီးပြီးချင်း အာဖဂန်နစ္စတန်နိုင်ငံတွင်းမှာ အားကောင်းကောင်းနဲ့တောက်လောင်လာတဲ့ တာလီဘန်တွေရဲ့(သူတို့ရဲ့ မဟာမိတ် အယ်ကိုင်ဒါ တွေလည်း အပါအဝင်ပေါ့) အကြမ်းဖက်မီးညွှန့်ကို ချိုးပစ်ဖို့(ဝါ) 9/11 ဖြစ်စဉ်အတွက် အမေရိကန်ရဲ့ ပထမဦးဆုံး လက်တုံ့ပြန်မှုအဖြစ် အထူးရွေးချယ်စေလွှတ်ခြင်းခံခဲ့ရတဲ့ အမေရိကန်ရဲ့ အကောင်းဆုံး အထူးတပ်ဖွဲ့ဝင် ၁၂ ဦးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ အစိမ်း သက်သက်စစ်မြေပြင်တစ်ခုမှာ ဘာအကြောင်းမှ မသိသေးတဲ့(ရန်သူလား မိတ်ဆွေလားဆိုတောင် ယုံရခက်ခက်အခြေအနေပါ) အဖွဲ့အစည်း တစ်ခုနဲ့ သွားရောက်ပူးပေါင်းပြီး စစ်ဆင်ရေး တာဝန်တွေကို ထမ်းဆောင်စေခဲ့တာပါ။ ရည်မှန်းချက်ပြီးမြောက်ဖို့ ၆ ပါတ် အချိန်ရတယ်ဆိုပေမဲ့ ပြင်းထန်ဆိုးရွားတဲ့ ဆောင်းရာသီကိုဝင်တော့မှာမို့ တကယ်တမ်း စစ်မြေပြင်မှာ ရတဲ့အချိန်က ၃ ပတ်ထဲပါ။ နောက်ပြီး အထူးတပ်ဖွဲ့ရဲ့ ကပ္ပတိန်ဆိုသူကလည်း တိုက်ပွဲအတွေ့အကြုံလုံးဝမရှိသေးတဲ့သူတစ်ဦး။ သူ ခေါင်းဆောင်တဲ့ အမေရိကရဲ့ အတော်ဆုံး အထူးတပ်ဖွဲ့ဝင် ၁၂ ယောက်၊ ရတဲ့ အချိန် ၃ ပတ်အတွင်းမှာ ၂ နှစ်လောက်ကြာမယ်လို့ အများက ခန့်မှန်းထားတဲ့ Mission တစ်ခုကို အသေအပျောက် လုံးဝမရှိဘဲ သူတို့မိသားစုဝင်တွေမျှော်လင့်နေတဲ့ ခရစ္စမတ်ချိန်အမီ အောင်ပွဲနဲ့အတူ အိမ်ပြန်လာနိုင်ပါ့မလား? ဘယ်လိုနည်းလမ်းတွေ၊ ဘယ်လို နည်းဗျူဟာ တွေသုံး၊ ဘယ်လိုခံယူချက်တွေနဲ့ စွမ်းဆောင်ပြသွားနိုင်မလဲဆိုတာ…ကြာမြင့်ချိန် ၂ နာရီ ၁၁ မိနစ် တကယ်ကို စစ်မြေပြင်ထဲရောက်သွားသလိုမျိုး ခံစားစီးမျှောသွားစေရဖို့ အာမခံပါတယ်