
ဒီတစ်ခါကတော့ တက္ကသိုလ်ကျောင်းသား ဝါသနာတူအသင်းဝင်တစ်စု သရဲတွေအကြောင်း လေ့လာကြတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဆိုဟီးဆိုတဲ့ ကောင်မလေးက နတ်ကတော်မျိုးရိုးအိမ်ကနေ ဆင်းသက်လာတာဖြစ်ပေမဲ့ သူ့အမေ နတ်ကတော်လုပ်တာကို လုံးဝသဘောမကျတဲ့ ကောင်မလေးဖြစ်ပါတယ်။ သရဲတွေကို အယုံအကြည်မရှိပေမဲ့ မိသားစုက စားဝတ်နေရေးအရလုပ်နေရတာမလို့ မတတ်သာဘဲ လက်ခံထားတဲ့ သူလေးပါ။ ဆန်းဟျော့ဆိုတဲ့ကောင်လေးကတော့ ဆိုဟီးကို သဘောကျမိကာ ဆိုဟီးအသင်းဝင်တဲ့ သရဲတွေနဲ့ သရဲခြောက်တဲ့နေရာတွေကို လေ့လာတဲ့အသင်းထဲ လိုက်ဝင်ခဲ့ပြီး အဲ့အသင်းက တက္ကသိုလ်ကျောင်းသား ငါးယောက် နယ်ဘက်က သရဲခြောက်တဲ့စွန့်ပစ်အိမ်ကြီးကို ခရီးထွက်ခဲ့ကြပါတယ်။ သရဲခြောက်တဲ့အိမ်မှာ သရဲဝင်ပူးခံရတဲ့အခါ ဦးနှောက်လှုံ့ဆော်မှုတွေ ပြောင်းလဲတယ်ဆိုတာကို စမ်းသပ်ဖို့လာခဲ့တဲ့ ကျောင်းသားတစ်စု ဒီစွန့်ပစ်အိမ်ကြီးမှာ ဘယ်လိုကိစ္စတွေ တွေ့ကြုံရဦးမှာလဲ အဲ့အိမ်ကြီးမှာကော တကယ်သရဲရှိရဲ့လားဆိုတာ စိတ်ဝင်တစား ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။