
ဒီတရုတ်ကားလေးကတော့ ကျွန်တော်တို့ ရွှေပန်းသီးမှာ အရင်က တင်ခဲ့ဖူးတဲ့ Water Monster ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ ရှေ့တစ်ကား မကြည့်ရသေးလည်း ဒီကားကို ဆက်ကြည့်လို့ ရပါတယ်။ ဒီကားက တစ်လောလေးကမှ ထွက်လာတဲ့ ဇာတ်ကားဖြစ်ပြီးတော့ ရှေ့ကကားလိုပဲ ကြည့်လို့ကောင်းပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီဒုတိယကားကတောင် ပိုကောင်းတယ်လို့ ထင်မိပါတယ်။ ဘာလို့လဲဆိုတော့ ဒီကားက Horror အပြင် မိသားစုမေတ္တာကိုပါ ရောထည့်ထားလို့ပါ။ ဒါ့အပြင် ဒီကားထဲမှာ ဇာတ်အိမ်ခိုင်ခိုင်နဲ့ မြှုပ်ကွက်တွေလည်း အများကြီး ထည့်ထားပါတယ်။ ဒါကြောင့် ရွှေပန်းသီး ပရိသတ်ကြီးကို သေချာပေါက် ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ပထမကားမှာ ရေမျောက်ကို ရွှေရှမ်းတို့အဖွဲ့က သတ်နိုင်ခဲ့ပေမယ့်လည်း နောင်နှစ် ၂၀ အကြာမှာတော့ ရှန်းရွှေရွာမှာ ရေမျောက် ပြန်ပေါ်လာခဲ့ပါတယ်။ ရှန်ဟိုင်း ရဲတပ်ဖွဲ့က မှုခင်းဆေးပညာရှင် သူကျားကျားရဲ့ မောင်လေးဟာ ရှန်းရွှေရွာမှာ ပျောက်သွားပါတယ်။ ဒါကြောင့် သူမဟာ သူ့မောင်လေးအကြောင်း စုံစမ်းဖို့ ရှန်းရွှေရွာကို ရောက်လာရင်း အဲ့ရွာက သူ့ငယ်ဘဝနဲ့ ဆက်စပ်မှု ရှိနေတာကို တွေ့သွားပါတော့တယ်။ ရှန်းရွှေရွာက သူမနဲ့ ဘယ်လိုဆက်စပ်မှု ရှိတာလဲ၊ ရေမျောက်ကလည်း အရင်ကားမှာ သေသွားရဲ့နဲ့ ဘယ်လိုလုပ် ပြန်ရှင်လာတာလဲ စတာတွေကို သိချင်ရင် အခုပဲ ကြည့်ရှုလိုက်ပါ